ဒီတစ်ခေါက် ရုပ်ရှင်ဇာတ်ကားလေးကတော့ သူငယ်ချင်း ချစ်ခြင်းမေတ္တာကို အဓိကထားပုံဖော် ထားတဲ့ Bridge to Terabithia ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
စိတ်ကူးစိတ်သန်းတွေ အပြည့်နဲ့ အနုပညာဆန်တဲ့ ကောင်လေးတစ်ယောက်က ဘဝရဲ့ အခက်အခဲတွေနဲ့ မိသားစုရဲ့ လိုအပ်ချက်တွေကြောင့် ဘဝကို သိုသိုသိပ်သိပ် ဖြတ်သန်းနေရတဲ့အချိန် လောကကြီးကို ဖြန့်ကျန့်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ကောင်မလေး တစ်ယောက်နဲ့ ဆုံတွေ့မိတဲ့နောက်မှာတော့ ဘဝကို လှပစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းပြီး ဘဝရဲ့ အဓိပ္ပာယ်တွေ အများကြီး သင်ယူနေဆဲမှာပဲ မမျှော်လင့်ပဲ သူတို့ နှစ်ယောက်ကြား ရောက်ရှိလာမယ့် ကံကြမ္မာဆိုးကြီးကြောင့် ဘယ်လိုတွေခံစားရမလဲ၊ ဘယ်လိုတွေ ကျော်ဖြတ်နိုင်မလဲဆိုတာကို ဇာတ်ကားလေးထဲမှာ အတူစီးမျောကြည့်ရှုကြရအောင်။ တကယ်ကို ရသမျိုးစုံပေးနိုင်တဲ့ masterpiece ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲနော်။
ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။