6.2
169,863
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5 GB

Credit

500

Scream 4 (2011)

Comedy, Horror, Mystery

Credits 500

ရုပ်ရှင်ထဲမှာ ရုပ်ရှင်ဆင့်နေသလိုမျိုး Scream 4 မှာလည်း သူ့ထဲက နာမည်ကျော် Horror ကား Stab က 7ကားမြောက်ကို ရောက်လာပါပြီ။ အစပိုင်းမှာ ထုံးစံအတိုင်း ဖုန်းလာပြီး မိန်းကလေးတွေကို မေးခွန်းမေးရာကနေ သတ်ဖြတ်တဲ့အခန်းပါပဲ။ အရင်ခေတ်က Horror ကားတွေရဲ့ အက်ကြောင်းထပ် ဇာတ်ကွက်တွေကို သရော်ထားတာလည်းပါပါတယ်။ ဒီအပိုင်းမှာ‌တော့ နာမည်ကျော် အသက်ရှင်ကျန်ရစ်သူ ဆစ်ဒနီပရက်စ်ကော့က စာအုပ်ထုတ်ပြီး book tour လုပ်ရာကနေ သူ့မွေးရပ်မြေ Woodsboro ကို ပြန်လာပါတယ်။ အဲ့မှာ သူ့ညီမ၀မ်းကွဲဂျေးလ်က အထက်တန်းတက်နေပါတယ်။ ဂေးလ်နဲ့ ဒူဝီတို့ကလည်း လက်ထပ်လိုက်တာ ခုဆို အိမ်ထောင်သက် 10 နှစ်ရှိနေပါပြီ...‌ဒူဝီဆို ‌ရဲမှူးနေရာရောက်နေပါပြီ။ ဆစ်ဒနီရောက်လာတာနဲ့ အတိတ်က တစ်ဖန် ပြန်လည်လာသလို တစ္ဆေမျက်နှာဖုံးနဲ့ လူသတ်သမားပေါ်လာပြီး လူသတ်မှုတွေ စဖြစ်တဲ့အခါ... အရင်ဆုံး ဂျေးလ်ရဲ့သူငယ်ချင်း အသတ်ခံရပြီး လူသတ်မှုတွေ ဆက်လာတဲ့အခါ...ဒီတစ်ခါ တရားခံက ဆိုက်ကိုပဲလား ဘယ်လို surprise ဇာတ်ကောင်ဖြစ်မလဲ....သူ ဘယ်လိုရည်ရွယ်ချက်နဲ့ သတ်တာလဲ...ဒီတစ်ခေါက်မှာရော ဆစ်ဒနီ အသက်ရှင်ကျန်ပြီး သူရဲကောင်းဖြစ်ဦးမှာလားဆိုတာ မျက်တောင်မခတ်တမ်း အားပေးရမှာဖြစ်ပါတယ်။ Bonus အနေနဲ့ကတော့ အဲ့ခေတ်၀န်းကျင်က ထွက်ခဲ့တဲ့ Horror ကားတွေကို စာရင်းပြုစုထားသလို ထည့်ထားတာမို့ မကြည့်ရသေးတာပါရင် အားပေးလိုက်ကြပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai K K ဖြစ်ပါတယ်