5.4
5,206
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.7 GB

Credit

500

Fitoor (2016)

Drama, Romance

Credits 500

'နူးရ်'ဆိုတဲ့ဆင်းရဲလူငယ်လေးတစ်ယောက်ဟာ 'ဖရီဒေါ့စ်'ဆိုတဲ့ချမ်းသာတဲ့အိမ်ကမိန်းကလေးကို မြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ ဆင်းရဲသူတွေကပိုက်ဆံနဲ့ပတ်သက်ရင် လိမ်ညာလှည့်ဖျားတတ်သူတွေလို့ တထစ်ချ ယုံကြည်ထားတဲ့ 'ဖရီဒေါ့စ်'အမေ 'ဘယ်ဂမ်'က သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေကို ဒီထက်ပိုမရစ်တွယ်လေအောင် ဖရီဒေါ့စ်ကို ပညာတော်သင်ပို့ပစ်ခဲ့ပါတော့တယ်။ ကျန်ရစ်နေခဲ့တဲ့'နူးရ်'က နားမလည်နိုင်ဖြစ်ကျန်ခဲ့ရင်း အချိန်တွေကြာလာမှ'ဖရီဒေါ့စ်'နဲ့ပြန်ဆုံတဲ့အခါ သူတို့ရဲ့အချစ်တွေ အရင်အတိုင်းရှိနေနိုင်ပါဦးမလား။ ချစ်ခြင်းတရားတွေရဲ့တိုက်ပွဲမှာ အနိုင်ရသူဟာဘယ်သူဖြစ်မလဲ။ 'ချစ်မိဖို့နဲ့အချစ်ခံရဖို့ဆိုတာဘုရားသခင်ကောင်းချီးပေးခံရတာပါ'ဆိုတဲ့ အနက်အဓိပ္ပါယ်အပြည့်ပါဝင်တဲ့ ဒီဇာတ်ကားလေးကိုကြည့်ရင်း ရသစုံခံစားကြည့်ရှုနိုင်မှာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါပဲ။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။