6.6
2,996
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

V.I.P. (2017)

Action, Crime, Thriller

Credits 200

အဓိကဇာတ်အိမ်တည်ထား တာကတော့ ကမ္ဘာတစ်လွှားကလူသတ်မှုတွေကျူးလွန်သူအဖြစ်သံသယရှိခံနေရတဲ့ မြောက်ကိုရီး ယားထိပ်ပိုင်းခေါင်းဆောင်တစ် ဦးရဲ့သားကင်ဂွမ်အီရဲ့ အကြောင်းဖြစ်ပါတယ်။မြောက်ကိုရီးယားထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးရဲ့သား ကင် ဂွမ်အီဟာ တောင်ကိုရီးယားကို ဝင်လာတယ်ဆိုတဲ့ သတင်းအရ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အမေရိကန် စီအိုင်အေအဖွဲ့တို့ စုံစမ်းထောက်လှမ်းဖို့ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် တောင်ကိုရီးယားကို ဗီအိုင်ပီတစ်ဦးအဖြစ် ရောက်လာခဲ့တဲ့ ကင်ဂွမ် အီဟာ လူသတ်မှုပေါင်းများစွာနဲ့ဆက်စပ်နေတဲ့သံသယတရားခံ ဖြစ်တာကြောင့်ပါ။ လူသတ်မှုတွေကို စုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်ချယ်ရီဒိုကတော့ ကင်ဂွမ်အီဟာ လူသတ်မှုတွေရဲ့ လက်သည်ဖြစ် တယ်ဆိုတာသိပေမယ့်လို့ တောင်ကိုရီးယာအထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ အေးဂျင့်ပက်ဂျယ်ဟော့က တော့ ဂွမ်အီကို ကာကွယ်ပေးခဲ့ပါ တယ်။တကယ်တော့အေးဂျင့် ပက် ဂျယ်ဟော့ဟာ စုံထောက်ရီဒိုတို့ လက်ဦးမှုမရခင်မှာ ကင်ဂွမ်အီနဲ့ အဆင်ပြေအောင်ပေါင်းပြီး အဓိကအချိန်ကျမှ အပြုတ်တိုက်ဖို့ ရည်ရွယ်ထားသလို အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းနဲ့ လည်း ချိတ်ဆက်ထားတာဖြစ်ပါ တယ်။ ဖြစ်လာသမျှလူသတ်မှု တွေကို ရပ်တန့်ဖို့အတွက် တောင်ကိုရီးယား၊ မြောက်ကိုရီးယားနဲ့ အင်တာပိုရဲတပ်ဖွဲ့တွေပါ ဂွမ်အီနဲ့ပတ်သက်လို့ အပြိုင်အဆိုင် နောက်ယောင်ခံ ထောက်လှမ်းခဲ့ ကြတဲ့အခါ ဘယ်လိုစိန်ခေါ်မှုမျိုး တွေကြုံရမှာလဲ၊ သံသယတရားခံ ဖြစ်နေတဲ့ ကင်ဂွမ်အီ ဘက်က ကော အဖွဲ့အစည်းပေါင်းစုံရဲ့ စုံစမ်းထောက်လှမ်းမှုတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ အက်ရှင် အရသာအပြည့်နဲ့ ဆက်ကြည့် လိုက်ဦးနော်။ပါဝင်ထားတဲ့ သရုပ် ဆောင်တွေကတော့ ပရိသတ်သိကျွမ်းပြီးသား နာမည်ကြီးတွေဖြစ် တဲ့ ပက်ဂျယ်ဟော့အဖြစ် ဂျန်ဒေါင်ဂန်း၊ ချယ်ရီဒိုအဖြစ် ကင်မြောင်မင်း၊ ရီဒေဘန်းအဖြစ် ပတ်ဟီးဆွန်း၊ ကင်ဂွမ်အီအဖြစ် လီဂျုံဆော့တို့ဖြစ်ပါတယ်။