7.7
33,482
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

6.5 GB

Credit

500

Raazi (2018)

Action, Drama, Thriller

Credits 500

ဒီဇာတ်ကားလေးကတော့ ၁၉၇၁ အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲကို ကျောခံပြီး ရိုက်ကူးထားတာပါ အဲဒီခေတ်က တစ်နိုင်ငံနဲ့တစ်နိုင်ငံ သူလျှိုပို့တာတွေ အရမ်းများပါတယ် အဲဒီမှာ ဟီဒါရက်ဆိုတဲ့သူက ပါကစ္စတန်ကို သတင်းပေးနေတဲ့လူအဖြစ်ဟန်ဆောင်နေတဲ့ ပါကစ္စတန်ဘက်က သတင်းတွေကို စုံစမ်းနေတဲ့ အိန္ဒိယသူလျှိုပါ တစ်နေ့သူက အဆုတ်မှာအကြိတ်တွေ့လို့ လေးလပဲအချိန်ကျန်တော့တာကို သိသွားတော့ သူ့အလုပ်ကို သူ့သမီးဆဲမတ်ကို မဖြစ်မနေလုပ်ခိုင်းရ‌ပါတော့မယ် ဆဲမတ်က သာမန်တက္ကသိုလ်ကျောင်းသူလေးဖြစ်ပြီး သွေးမြင်ရင်တောင် မကြည့်ရဲတဲ့သူပါ သူ့အဖေရဲ့ ‌မသေခင်တောင်းဆိုမှုကြောင့်နဲ့ နိုင်ငံကိုချစ်စိတ်ကြောင့် ပါကစ္စတန်ကို သွားပြီး ပါကစ္စတန်က ဗိုလ်ချုပ်တစ်ယောက်ရဲ့သားနဲ့ လက်ထပ်ဖို့ကို သဘောတူလိုက်ပါတော့တယ် အဲဒီနောက် သူ့ရဲ့စုံစမ်းမှုက ဘယ်လိုတွေဖြစ်မလဲ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုအလုပ်ကို သူ ဘယ်လို လုပ်ဆောင်ပြီး တိုင်းပြည်ကို ကယ်တင်သွားမလဲဆိုတာ ဒီဇာတ်‌လမ်းလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ် rating 100 အပြည့်ရထားတဲ့ ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုဖို့အကြံပြုပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thansin ဖြစ်ပါတယ်