5.6
4,781
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.7 GB

Credit

200

Eliminators (2016)

Action, Thriller

Credits 200

ပရိသတ်ကြီးတို့ရေ အက်ရှင်ကြမ်းကြမ်းကိုမှ ကြည့်ချင်ရင် ဒီကားလေး ညွှန်းပါရစေ။ 2016 ကတည်းကထွက်ထားတဲ့ အက်ရှင်မင်းသားကြီး Scott Adkins ရဲ့ ဇာတ်ကြမ်းကားကြီးပါ။ Adkins က မြန်မာပရိသတ်တွေကြားမှာ ဘွိုင်ကာကြီးဆိုပြီး ရှယ်မိုက်တဲ့ အတိုက်အခိုက်ခန်းတွေနဲ့ နာမည်ကြီးလာသူပါ။ အခုလည်း သူ့ရဲ့ခပ်မိုက်မိုက် အက်ရှင်ကားကြီးပါပဲ။ ဒီကားထဲမှာဆိုရင် Adkins မှာ သမီးလေးတယောက် ရှိပါတယ်။ သူ့သမီးလေးနဲ့ပဲ လန်ဒန်မြို့ကြီးမှာ အေးအေးဆေးဆေးနေထိုင်ကြတဲ့ သားအဖပေါ့ဗျာ။ တနေ့တော့ ညတညမှာ သူတို့အိမ်ကို လူတစုက သေနတ်ကိုယ်စီကိုင်ပြီး ဖောက်ထွင်းဝင်ရောက်လာကြပါတယ်။ ဒီလိုနဲ့ Adkins တယောက် သူ့သမီးလေးကို ကာကွယ်ဖို့ ကြိုးစားရင်းက ထိုလူစုကို သတ်မိသွားပါတော့တယ်။ နောက်ရက်ကျ Adkins တယောက် သတင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပါလာခဲ့ရာက US က မှောင်ခိုဥက္ကဌကြီးက သူရှိတဲ့နေရာကိုသိပြီး အထူးကျွမ်းကျင်တဲ့ လူသတ်သမားလွှတ်ခဲ့ပါတယ်။ Adkins နဲ့ သူ့သမီးလေးတို့ ဘာတွေဆက်ဖြစ်ကြမလဲ။ Adkins ကို ဘာလို့ US က လူဆိုးကြီးက သတ်ချင်ရတာလဲ။ ပြဿနာတွေရဲ့ အစကဘာလဲ။ အချစ်တွေ မေတ္တာတွေကြားကနေ ဘယ်သူအနိုင်ရသွားမှာလဲ စတာတွေ စတာတွေကို ရင်ထိတ်စွာနဲ့ စိတ်ဝင်တစား ကြည့်ရှုရမှာမို့ အပန်းဖြေအနားယူရင်း ကြည့်လိုက်ကြပါဦး‌ခင်ဗျာ။ Translated and Review By Mac