3.7
3,171
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.5 GB

Credit

200

Critters Attack! (2019)

Comedy, Horror, Sci-Fi

Credits 200

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ လီရွိုင်းတက္ကသိုလ်ကို ဝင်ခွင့်မရတဲ့ ကောင်မလေး ဒရေ ဟာ သူ့မောင်လေး ဖိလစ်ရယ် ဦးလေးအရက်သမား ရဲစံထောက်ကြီး လူးဝစ်စ် ရယ်နဲ့ အတူတူ နေကြပါတယ်။ သူ့မောင်လေး ဖိလစ်ကတော့ ဂြိုလ်သားပုံပြင်တွေကို ယုံပြီး ပန်းကန်ပြားပျံတွေ ဂြိုလ်သားတွေကို ရူးသွပ်တဲ့ ကောင်လေးတစ်ယောက်ပါ။ ဒရေဟာ ဆူရှီဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ရင်းကနေ တစ်နေ့တော့ လီရွိုင်းတက္ကသိုလ် ဝင်ခွင့်ရနိုင်မယ့် နည်းလမ်းကို ရရှိခဲ့ပါတယ်။ ဒါကတော့ ကျောင်းရဲ့အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်တစ်ယောက်ရဲ့ ကလေးတွေကို ထိန်းပေးဖို့ပါပဲ။ ဒရေ ကလေးထိန်းဖို့ သွားတဲ့အချိန်မှာ သူ့မောင်လေး ဖိလစ်လည်း လိုက်ပါလာခဲ့ပါတယ်။ သူတို့မောင်နှမနှစ်ယောက် နဲ့ ပရော်ဖက်ဆာရဲ့ကလေးနှစ်ယောက်ဟာ တောထဲကို လျှောက်သွားရင်းကနေ ခရိုက်စ်တစ်ကောင်နဲ့ တွေ့ခဲ့ပါတယ်။ အဲဒီကစလို့ ဇာတ်လမ်းစတင်ခဲ့တာပါ။ Critters ကားတွေဟာ အောင်မြင်တဲ့ဇာတ်လမ်းတွေ ဖြစ်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး 1,2,3,4 ဆိုပြီး အောင်မြင်ခဲ့ပြီး ခု ၂၀၁၉ ခုနှစ်မှာတော့ Critters Attack ဆိုပြီး ဆက်လက်ထွက်ရှိလာတာပါ။ ၂၀၁၉ ခုနှစ် မေလမှာတော့ Critters: A New Binge ဆိုပြီးတော့ ဇာတ်လမ်းတွဲအနေနဲ့ ပြသခဲ့ပါသေးတယ်။ ဒီ Critters Attack ကိုလည်း ခံစားကြည့်ရှုကြပါဦး။ အမွှေးပွပွ လုံးလုံးနဲ့ ခရိုက်စ်တွေကို သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရမယ့်ကားကောင်းတစ်ကားပါ။