6.7
119,277
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.8 GB

Credit

500

The Other Boleyn Girl (2008)

Biography, Drama, History

Credits 500

ဒီတစ်ခေါက်က ရုပ်ရှင်လေးကတော့ အင်္ဂလန်နိုင်ငံသမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ The Other Boleyn Girl ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဘဝမှာ အာဏာနဲ့ရာထူးအတွက် သွေးသားရင်းတောင် ချနင်းနိုင်တဲ့ အထိ ကြောက်စရာကောင်းတဲ့ လူတွေရဲ့ လောဘအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဘိုလင်မိသားစုမှာ သားသမီး ၃ယောက် ထွန်းကားခဲ့ပြီး သူတို့ထဲမှာ သမီးကြီးဖြစ်သူ အန်း က ငယ်စဉ်တည်းက ထူးချွန်ထက်မြက်လွန်းတာကြောင့် မိဘ‌တွေက အန်းနဲ့ပတ်သတ်ပြီး ရည်မှန်းချက်မြင့်မြင့်တွေ ထားခဲ့ကြပါတယ်။ ဒီအချိန် အင်္ဂလန်ဘုရင်မကြီး ကက်သရင်းက ထီးနန်းဆက်ဆံဖို့ သားယောကျာ်းလေး ‌မမွေးဖွား‌နိုင်တာကို အခွင့်ကောင်းယူပြီး ဘိုလင်းမိသားစုက နန်းတော်ကို ဝင်ရောက်‌နိုင်အောင် ကြံစည်ကြပါတယ်။ ဘုရင်နဲ့ဖြစ်စေချင်တာကတော့ သူတို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ အန်း ဖြစ်ပေမယ့် ဘုရင် ဟန်နရေ က သမီးငယ်ဖြစ်သူ အိမ်ထောင်ရှိတဲ့ မယ်ရီ ကိုပဲ မျက်စိကျလာတဲ့အခါ။ ညီအမနှစ်ယောက်ရဲ့ ကြားက အချစ် ၊ မာန ၊ သိက္ခာတွေကို အားပြိုင်လာကြပြီး အဆုံးသတ်မှာ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။