ဒီတစ်ခါမှာတော့စိတ်ဝင်စားစရာကောင်းတဲ့သည်းထိပ်ရင်ဖိုအက်ရှင်ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားအများစုလိုစစချင်းကိုဇာတ်မျောကြီးတွေဖန်တီးပြီးအလယ်လောက်ရောက်မှထကြမ်းတာမျိုးမဟုတ်ဘဲနဲ့အစကတည်းကကြမ်းနေတာကိုတွေ့ရမှာပါ။ဒီဇာတ်ကားကပြောရရင် Nicholas Cage ရဲ့ Sympathy For Devil ဆိုတဲ့ဇာတ်ကားနဲ့တောင်ခပ်ဆင်ဆင်ဆိုပေမဲ့အရမ်းကြီးတူနေတာမျိုးတော့မဟုတ်ပါဘူး။ဒီဇာတ်ကားရဲ့နာမည်ကတော့ Paradox Effect ဖြစ်ပြီး IMDb Rating 5.4 ရရှိထားတဲ့အတွက်ကြည့်ရတာစိတ်ဝင်စားစရာကောင်းတဲ့အထဲမှာတော့ပါပါတယ်။ဇာတ်လမ်းအစမှာကရီနာလို့ခေါ်တဲ့ဆေးဖြတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကသူ့သူငယ်ချင်းဖြစ်သူကိုသူ့လိုဆေးဖြတ်ဖို့ကူညီပေးနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ဆီကိုသမီးဖြစ်သူကမနက်ကျလာမှာဖြစ်တဲ့အတွက်လေဆိပ်သွားကြိုဖို့ဖုန်းဆက်ပြောကြပြီးအိမ်ပြန်လမ်းမှာဒဏ်ရာရထားတဲ့လူတစ်ယောက်ကသေနတ်ထောက်ပြီးသူ့ကိုကားမောင်းခိုင်းခဲ့ပါတော့တယ်။အဲ့ဒီလူကသူရထားတဲ့ဒဏ်ရာကိုကုသဖို့ကရီနာ့ကိုခိုင်းခဲ့ပြီးကရီနာ့အိမ်ကိုလိုက်သွားခဲ့ပါတော့တယ်။စစချင်းတော့ကရီနာလည်းဘာအကြောင်းပြချက်ရှိလို့သူ့ကိုမလွှတ်ပေးသေးတာလဲဆိုတာကိုမသိပေမဲ့နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်ကြားကပြဿနာတွေကပိုပိုကြီးလာပြီးဘယ်လိုအရှုပ်တော်ပုံတွေဆက်ဖြစ်ကြမယ်ဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်