6.5
1,683
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.3 GB

Credit

200

The Con Artists (2014)

Action, Crime, Drama

Credits 200

ဒီကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Kim Woo-Bin ရဲ့ အက်ရှင်စွန့်စားခန်းကားလေးပါ။ လီဂျီဟျော့ (Kim Woo-Bin) ဟာ ပရော်ဖက်ရှင်နယ် မီးခံသေတ္တာ ဖောက်ထွင်းသူဖြစ်ပြီး ခိုးရာပါပစ္စည်းတွေကို လိမ်ရောင်းတဲ့ လူလိမ်တစ်ယောက်ပါ။ တစ်နေ့တော့ သူအပေါင်းအပါတွေဖြစ်တဲ့ နည်းပညာရှင် ဂူအင်း၊ ဟက်ခ်ကာ ဂျုံဘယ်တို့နဲ့အတူ ရတနာဆိုင်တစ်ခုက လုံခြုံရေးစနစ်မြင့် မီးခံသေတ္တာကိုဖောက်ပြီး အဖိုးတန်စိန်တွေကို ခိုးခဲ့တော့တယ်။ အဲဒီအချိန်မှာ ရတနာဆိုင် ပိုင်ရှင်ဖြစ်တဲ့ ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်သူ သူဌေးဂျိုက ဖောက်ထွင်းရေးသမားကောင်းကောင်းကို လိုက်ရှာနေတာပါ။ သူဌေးဂျိုက သူတို့အရည်အချင်းကို သဘောကျသွားပြီး အင်ချွန်းဆိပ်ကမ်း အကောက်ခွန်ရုံးမှာရှိတဲ့ အစိုးရရဲ့တရားမဝင်ရန်ပုံငွေ ဒေါ်လာသန်းချီကို ဖောက်ထွင်းပေးဖို့ ကမ်းလှမ်းလာခဲ့တယ်။ သူတို့အဖွဲ့ကလည်း ကမ်းလှမ်းချက်ကို သဘောတူလိုက်တယ်။ ဒါပေမဲ့ လီဂျီဟျော့နဲ့ သူဌေးဂျိုမှာ အတိတ်က ရေစက်ဆိုးတစ်ခုရှိခဲ့ပြီး သူဌေးဂျိုရဲ့ အစီအစဥ်မှာပါဝင်ဖို့ သဘောတူခဲ့တာကလည်း တိုက်ဆိုင်မှုတစ်ခု မဟုတ်ခဲ့ပါဘူး။ ဂျီဟျော့တို့အုပ်စု အကောက်ခွန်ရုံးက ပိုက်ဆံကို ဘယ်လိုခိုးထုတ်မှာလဲ၊ အတိတ်က ရေစက်ဆိုးကြောင့် ဘာတွေဆက်ဖြစ်လာဦးမှာလဲဆိုတာကို The Con Artist ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်