7.0
45,725
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Curse of the Golden Flower (2006)

Action, Drama, Romance

Credits 200

ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ထွက် တရုတ်နန်းတွင်းကားလေးပဲဖြစ်ပါတယ် ဒီကားလေးရဲ့အစမှာ တရုတ်အင်ပါယာရဲ့ ဧကရာဇ်ကြီးဖင်းဟာ ဂန္ဓမာပွဲတော်ကျင်းပဖို့အတွက် သူ့သားတော် မင်းသားကျိုင်းနဲ့အတူ စစ်ပွဲကနေ နန်းတော်ဆီပြန်လာခဲ့ပါတယ် ဧကရာဇ်ကြီးမှာ သားသုံးယောက်ရှိပြီး အကြီးဆုံးသားတော် အိမ်ရှေ့မင်းသားဝမ်က လက်ရှိ မိဖုရားကြီးနဲ့ရထားတဲ့သားတော့ မဟုတ်ပါဘူး အဲဒီ မင်းသားဝမ်နဲ့ လက်ရှိမိဖုရားနဲ့ကလည်း ဖောက်ပြန်နေကြပါသေးတယ် ဒါပေမဲ့ နန်းတွင်းသူတစ်ယောက်နဲ့လည်း ထပ်ကြိုက်မိတဲ့ ဝမ်ကတော့ နန်းတော်ထဲကနေ ထွက်ချင်စိတ်ပဲရှိပါတယ် ဧကရာဇ်ကြီးပြန်လာတဲ့အခါ သွေးအားနည်းရောဂါရှိတဲ့ သူ့မိဖုရားသောက်နေကျဆေးထဲကို တဖြည်းဖြည်းရူးသွားစေမဲ့ဆေးတစ်မျိုးကို ရောပြီးတိုက်ပါတော့တယ် နဂိုတည်းက ဧကရာဇ်လုပ်နိုင်ဖို့အတွက်ကြံစည်ပြီး လျန်နိုင်ငံရဲ့ ဘုရင့်သမီးကို ယူထားတာမို့လို့ အချင်းချင်း အဆင်လည်း မပြေကြပါဘူး အဲဒီလိုနဲ့ အဆိပ်ခတ်နေတယ်ဆိုတာကို သိသွားတဲ့ ဧကရီကြီးက ဘုရင်ကြီးကို ပုန်ကန်ဖို့ ကြိုးစားပါတော့တယ် ဒီကားလေးကတော့ တရုတ်နန်းတွင်းအရှုပ်တော်ပုံတွေကို ရိုက်ပြထားတာဖြစ်ပြီး ဇာတ်လမ်းကလည်း တော်တော် စိတ်ဝင်စားစရာကောင်းတာမို့လို့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ် ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ Maria ဖြစ်ပါတယ်။