5.0
25,386
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

Rage (2014)

Action, Thriller

Credits 200

အောင်မြင်တဲ့စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်တဲ့ ပေါလ်မက်ဂွိုင်ရာမှာ အချစ်ရတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။ တစ်ညမှာ အမည်မသိအဖွဲ့တစ်ဖွဲ့က သူ့သမီးကိုပြန်ပေးဆွဲသွားပါတယ်။ ဘယ်သူတွေရဲ့လုပ်ရပ်ဆိုတာကို စဉ်းစားမရဖြစ်နေတဲ့ ပေါလ်တစ်ယောက် သူ့ရဲ့အတိတ်အကြောင်းကိုပြန်တွေးဖို့လိုလာပါတယ်။ ပေါလ်မက်ဂွိုင်ရာက ဟိုးငယ်စဉ်က သိပ်ကိုဆိုးသွမ်းပြီး မကောင်းတာမှန်သမျှလုပ်ခဲ့တဲ့ လူဆိုးတစ်ယောက်ဖြစ်ခဲ့တာပါ။ သူ့မှာ သူနဲ့အတူဆိုးခဲ့တဲ့သူငယ်ချင်းတွေရှိပါတယ်။ သမီးဖြစ်သူ ပျောက်သွားချိန်မှာ သူနဲ့အရင်က ရန်ငြိုးရန်စရှိခဲ့ဖူးသူတွေကို လိုက်ရှာရပါတော့တယ်။ လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တဲ့ပေါလ်ဟာ အရင်လိုလူဆိုးတစ်ယောက်အဖြစ် ပြန်ပြောင်းလဲသွားမလား။ သူ့သမီးကိုရော အရင်ကပတ်သက်ခဲ့တဲ့ဘယ်လိုလူမျိုးက ပြန်ပေးဆွဲသွားတာဖြစ်မလဲ... ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။