ပတ်ယွန်းဟို ဟာကလေးဘဝတုန်းကဘုရားသခင်ကိုရိုသေကိုင်းရှိုင်းကြည်ညိုသက်ဝင်သူတစ်ဦးပါ။တစ်နေ့သူ့အဖေဟာသံသယရှိတဲ့တရားခံနောက်လိုက်ရင်းမတော်တဆဖြစ်ပြီးသေဆုံးခဲ့ချိန်မှစပြီးဘုရားသခင်အပေါ်စတင်မုန်းတီးတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။
သူအရွယ်ရောက်လာတဲ့အချိန်မှာသူ့အမုန်းတရားကလည်းသူ့နှလုံးသားထဲမှာခိုင်ခိုင်မာမာအမြစ်တွယ်နေခဲ့ပါပြီ။
တစ်ရက်သူရဲ့လက်ဖဝါးမှာခေတ်မီဆေးပညာနဲ့ရှင်းပြရခက်ခဲတဲ့သွေးထွက်သံယိုဒဏ်ရာကိုရုတ်တရက်ရရှိပြီးသူလက်မခံပဲမယုံကြည်ထားတဲ့သဘာဝလွန်ဖြစ်ရပ်ဆန်းတွေဆက်တိုက်ကြုံတွေ့လာရပြီးသူ့ဘဝထဲမှာအလှည့်အပြောင်းတွေအများကြီးဖြစ်ပေါ်လာတဲ့အခါ
သူဘယ်လိုနည်းလမ်းတွေသုံးပြီးဖြေရှင်းမှာလဲ။သူအဖြစ်မှန်ရှာဖွေတဲ့လမ်းတလျှောက်သူ့ကိုဒုက္ခလိုက်ပေးနေတဲ့သူတွေကရောဘယ်သူတွေလဲ။
ဘာကြောင့်သူ့ကိုမှရွေးချယ်ပြီးအခက်တွေ့အောင်လုပ်ရတာလဲ
ဆိုတာတွေကိုဇာတ်လမ်းကိုပြီးဆုံးအောင်ကြည့်ရှုအားပေးကြပါလို့