6.0
21,372
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

6.6 GB

Credit

500

Kabhi Alvida Naa Kehna (2006)

Drama, Romance

Credits 500

ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် သူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့ သားလေး တစ်ယောက်ရှိတယ်တစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ အမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့ ပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ“လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် လက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော် ဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော” “ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် ထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ ဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ”အခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ် ဒါကြောင့်လဲ သူမကို အကြိမ်ကြိမ် လည်ပြန်ကြည့်ခဲ့မိတာပေါ့ဒီမိန်းကလေးကို ပြန်လှည့်ကြည့်ရင်း ဒေ့ဗ် တစ်ယောက် ကားတိုက်ခံလိုက်ရပါတော့တယ် သာမန်လူတစ်ယောက် ခြေထောက်ကို ကားတိုက်ခံရတာ ပြသနာ ကြီးကြီးမားမား မဟုတ်ပေမယ့် ဒေ့ဗ်လို ဘောလုံးသမား တစ်ယောက်အတွက်တော့ ရှင်လျှက်နဲ့ သေခဲ့ရသလိုပါပဲ့၄နှစ်ခန့်ကြာသော့်ဒေ့ဗ်က ခြေထောက်တဖက် သိပ်မသန်တော့ပဲ ဘောလုံး နည်းပြ တစ်ယောက် အဖြစ်နဲ့ ရပ်နေခဲ့တယ် ဘဝရဲ့ ပန်းတိုင်ဟာ ကားအက်ဆီဒန့်မှာ သေခဲ့ရပြီ့ မိန်းမ ဖြစ်သူ ရီဟားကတော့ အောင်မြင်တဲ့ မဂ္ဂဇင်းတိုက်ရဲ့ ရာထူးကြီး အလုပ်သမား တစ်ယောက် ဖြစ်နေတယ် လက်ထပ်ထားလို့သာ လင်မယားဆိုပေမယ့် သူတို့နှစ်ဦးကြားမှာ နွေးထွေးမှုဆိုတာ မရှိတော့ သလောက်ပဲ အရာရာကို ဒေါသ တကြီးကြီးနဲ့ ဒေ့ဗ် ကိုယ်ဘဝကိုယ် စိတ်ပျက်နေရှာတယ် ကလေးတစ်ယောက်နဲ့ အသက်မပါတဲ့ အိမ်ထောင်ရေးကို ရှေ့ဆက်နေရင်းမာယာ့ မာယာကတော့ မင်္ဂလာမဆောင်ခင်ထိတောင် တွေဝေနေတတ်တဲ့ မိန်းကလေး တစ်ယောက် အမှတ်မထင်တွေ့လိုက်တဲ့ သူစိမ်းတစ်ယောက်ရဲ့ အကြံပေးစကားနဲ့ လက်ထပ်ဖြစ်သွားပြီး့ မာယာက ခပ်အေးအေး ကလေးအများစုကို စာသင်ပေးနေတဲ့ ကျောင်းဆရာမ တည်တည်ငြိမ်ငြိမ်နဲ့ နေတတ်ပေမယ့် သူ့အမျိုးသားက ခပ်ဟော့ဟော့နဲ့ အပျော်ပါး စိတ်ဝင်စားတဲ့ လူမျိုး အသွင်မတူတဲ့ အိမ်ထောင်ရေးနဲ့ ပျင်းခြောက်ခြောက် ဘဝကို ရှေ့ဆက်နေရင်းအမှတ်မထင် ၄ နှစ်အရင်က ကိုယ့်ကို အကြံပေးထားဖူးတဲ့ ဒေ့ဗ်နဲ့ ပြန်တွေ့ခဲ့ပါတယ့်အိမ်ထောင်ရေး အဆင်မပြေ့ ခြောက်ကပ်ကပ် ဘဝတွေနဲ့ သူတို့နှစ်ဦးက သူတို့ အိမ်ထောင်ရေးကို ပြန်အဆင်ပြေအောင် ကြိုးစားရင် မိတ်ဆွေတွေ ဖြစ်လာပါတော့တယ်မာယာ နှင့် ဒေ့ဗ် လက်ထပ်ပြီး နှစ်တွေကြာပြီးမှ အချစ်စစ်ဆိုတာကို တွေ့ရှိလိုက်တဲ့ အခါမှာတော့#ရုပ်ရှင်ကား ညွှန်းစရာ မလိုလောက်အောင် သိပ်ကောင်းလွန်းတဲ့ ဇာတ်ကားတစ်ကားပါ#အိမ်ထောင်ရေး ပညာပေး ဇာတ်ကားတစ်ကား ဖြစ်ပြီး ဒရာမာကား တစ်ကားဆိုပေမယ့် မပျင်းပဲ တကယ်ကို ဇာတ်လမ်းအစအဆုံး စီးမျောသွားစေရမယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။