6.6
66,960
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 7.1

File Size

5.5 GB

Credit

500

Saw X (2023)

Horror, Mystery, Thriller

Credits 500

SAW ဆိုတာနဲ့အခန်းထဲမှာလွှတစ်ချောင်းနဲ့လူနှစ်ယောက်အခန်းကိုပြေးမြင်မိတဲ့လူတွေအများကြီးရှိကြမှာပါ။သေချာမကြည့်ဖူးရင်တောင်မှအနည်းနဲ့အများဟိုနားဒီနားလေးမှာတွေ့ဖူးတဲ့လူတွေလဲအများကြီးရှိမှာပါပဲ။ဇာတ်လမ်းဇာတ်ကွက်တွေကအရမ်းကောင်းပြီးစိတ်ဝင်စားစရာကောင်းလွန်းတဲ့အပြင် ပါးစပ်အဟောင်းသားဖြစ်သွားအောင်လုပ်နိုင်တဲ့လှည့်ကွက်တွေလဲအများကြီးပါနေလို့ SAW ကားတွေကိုကြိုက်ကြတဲ့လူတွေလဲမနည်းပါဘူး။အခုမှာတော့ကျွန်တော်တို့ရဲ့ငယ်ဘဝကတည်းကနေထွက်ရှိခဲ့ပြီးအခုထက်ထိလဲမ Fail သေးပဲဇာတ်ရှိန်ကိုမကျသွားအောင်ထိန်းထားနိုင်တဲ့ SAW X ထွက်ရှိလာခဲ့ပါပြီ။ SAW ပရိသတ်တွေ Horror/Thriller ပရိသတ်တွေအတွက်တော့သတင်းကောင်းပါပဲ။လက်ရှိ IMDb မှာ Rating 7 အထိရရှိထားပြီးဒီလိုမျိုး Sequel တွေအများကြီးထွက်ပြီးမ Fail သေးတဲ့ ပေါကားမဖြစ်သေးတဲ့ကားဆိုတာခပ်ရှားရှားပါပဲ။မကြည့်ရသေးတဲ့လူတွေအတွက်လဲရှေ့မှာထွက်ရှိခဲ့တဲ့ကားတွေကိုအရင်ပြန်ကြည့်ဖို့အကြံပေးချင်ပါတယ်။အဲ့ဒါမှဒီကားကိုကြည့်တဲ့အခါမှာအနှစ်သာရအပြည့်အဝကိုခံစားရမှာပါ။ဇာတ်လမ်းအကျဉ်းချုံးလေးပြောပြရရင်တော့ Jigsaw လို့သိကြတဲ့တစ်နေရာရာမှာချုပ်နှောင်ပြီးအသက်ရှင်သန်ဖို့ခက်ခဲတဲ့ရွေးချယ်မှုတွေကိုပေးပြီးမကောင်းတဲ့လူတွေကိုဆုံးမတတ်တဲ့နောက်ကွယ်ကဂျွန်ကဦးနှောက်ကင်ဆာနဲ့ဆုံးပါးဖို့နီးကပ်လာပြီဖြစ်ပြီး ကင်ဆာရောဂါတွေကိုအမြစ်ပြတ်ကုသပေးနိုင်တဲ့တရားမဝင်ကုသမှုကိုသွားလုပ်တဲ့အခါမှာမမျှော်လင့်ထားတဲ့အရာတွေဖြစ်လာပြီး သူအပြစ်ပေးရမဲ့လူတွေဘယ်လိုထပ်ပေါ်ပေါက်လာဦးမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းအောင် အသည်းတယားယားနဲ့ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။