5.9
459
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.1 GB

Credit

500

Me and Me (2020)

Drama, Mystery

Credits 500

ကျောင်းဆရာ ဂင်ဆူဟျော့နဲ့ သူ့ရဲ့ဇနီး အီယောင်းတို့ဟာ ကျေးလက်က ရွာလေးတစ်ရွာကိုပြောင်းလာခဲ့ပါတယ်။ ပြောင်းလာတဲ့အကြောင်းရင်းကတော့ အီယောင်းမှာ လူမသိတဲ့ ရောဂါတစ်မျိုးရှိနေလို့ပါ။ အီယောင်းဟာ ညရောက်တိုင်း သူ့ရဲ့ကိုယ်ကို ဝိဉာဥ်တစ်ခုခုက ဝင်ပူးတဲ့ရောဂါကို ခံစားနေရပါတယ်။ အဲဒီရောဂါအကြောင်း ရွာသားတွေမသိအောင် ဖုံးထားပေမယ့် ရွာသားတွေ သိကုန်ကြတဲ့အခါ ညရောက်ရင် သူတို့နှစ်ယောက်ကို အိမ်ထဲထည့်ပိတ်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆူဟျော့တို့လင်မယားက အဲဒီရွာလေးမှာနေထိုင်လာရင်း တစ်နေ့တော့ သူတို့အိမ်မှာ ထူးဆန်းတဲ့ မီးလောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ကို သော့ခတ်ထားတာမို့လို့ ထွက်မပြေးနိုင်ဖြစ်ပြီး လင်မယားနှစ်ယောက်စလုံး သေဆုံးသွားကြပါတော့တယ်။ အဲဒီအမှုကို စစ်ဆေးဖို့လာတဲ့ စုံထောက်ဟျောင်းဂူဟာ ရွာသားတွေကို သံသယဝင်စပြုလာပါတယ်။ အဲဒီအမှုကိုလိုက်ရင်း တစ်နေ့မှာတော့ အိပ်ယာက နိုးလာတဲ့အချိန် သူ့ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတာကို သိလိုက်ရပါတယ်။ သူ့ရဲ့အတိတ် သူ့ရဲ့မိသားစုနဲ့ သူ့အလုပ်အကိုင်အားလုံး ပျောက်ကွယ်သွားပြီး ကျန်ခဲ့တာဆိုလို့ သူ့ရဲ့နာမည်တစ်ခုပဲရှိပါတော့တယ်။ စုံထောက်ကြီး ‌ဟျောင်းဂူက သူ့ရဲ့ဘဝကို ပြန်ရှာနိုင်မလားဆိုတာတော့ ဒီကားလေးမှာ ဆက်လက်ရှုစားနိုင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်