6.8
1,222
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.4 GB

Credit

200

Fists of Legend (2013)

Action

Credits 200

၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ "Legendary Fist" ဆိုတဲ့ Webtoon တစ်ခုကို အခြေခံရိုက်ကူးထားတဲ့ အက်ရှင် ဒရာမာ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အင်ဒေါ့ဂယူ၊ လီဆန်းဟွန်း၊ ရှင်းဂျယ်ဆော့တို့ဟာ အထက်တန်းကျောင်းသားဘဝမှာ အတူဆိုးခဲ့ ရမ်းခဲ့ကြတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေပါ။ အင်ဒေါ့ဂယူကတော့ အိုလံပစ်ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ လက်ဝှေ့သမားတစ်ယောက်ပေါ့။ ဒါပေမဲ့ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဒေါ့ဂယူလည်း အိုလံပစ်ပြိုင်ပွဲဝင်ဖို့ဆိုတဲ့ အိပ်မက်ကို စွန့်လွှတ်လိုက်ရပြီး သူငယ်ချင်းတွေလည်း တကွဲတပြားဖြစ်သွားတော့တယ်။ ဒီလိုနဲ့ ဘဝကိုယ်စီ ရုန်းကန်ကြရင်း ဒေါ့ဂယူကတော့ ခေါက်ဆွဲဆိုင်ပိုင်ရှင် မုဆိုးဖို ကလေးတစ်ယောက်အဖေ ဖြစ်လာခဲ့တော့တာပေါ့။ တစ်နေ့မှာတော့ သမီးဖြစ်သူ ကျောင်းမှာ ရန်ဖြစ်ခဲ့တာကြောင့် ငွေလိုလာတဲ့အတွက် ဒေါ့ဂယူတစ်ယောက် သူ့ကို ကမ်းလှမ်းလာတဲ့ ရသစုံတီဗွီရှိုးတစ်ခုမှာ ပါဝင်ဖို့ ဖြစ်လာတော့တယ်။ အဲဒီရှိုးကတော့ လူငယ်ဘဝတုန်းက လမ်းပေါ်မှာ ကြမ်းခဲ့ရမ်းခဲ့ဖူးတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတွေကို ဖိတ်ခေါ်ပြီး အမှန်အကန်တိုက်ခိုက်ယှဥ်ပြိုင်ခိုင်းတဲ့ 'ရာဇဝင် လက်သီး' ဆိုတဲ့ ရှိုးပါပဲ။ ဒေါ့ဂယူတစ်ယောက် အဲဒီရှိုးကို သွားပြိုင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ရှိုးကိုရောက်လာကြတဲ့ သူငယ်ချင်း ၂ယောက်နဲ့ ပြန်ဆုံတွေ့ခဲ့ရတော့တယ်။ ဘဝကိုယ်စီ ရုန်းကန်နေရတဲ့ သူငယ်ချင်းတွေ သွေးအေးသွားတဲ့ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား၊ ဒေါ့ဂယာကရော မဖြည့်ဆည်းနိုင်လိုက်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကို Fists of Legend ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ June Rose ဖြစ်ပါတယ်