6.1
262
...

Video Quality

Blu-ray 1080p

Audio Quality

E-AC3 5.1

File Size

3 GB

Credit

100

Kakegurui Part 2: Desperate Russian Roulette (2021)

Drama, Mystery, Thriller

Credits 100

စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်မှာ သြဇာကြီးသူများရဲ့သားသမီးများသာ တက်ရောက်ကြတဲ့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းဟာဆိုရင် သာမန်ကျောင်းတစ်ကျောင်းလို့ထင်ရပေမဲ့နောက်ကွယ်မှာတော့ လောင်းကစားပွဲတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ကျောင်းကိုလည်း ရက်စက်တဲ့ကျောင်းသားကောင်စီအဖွဲ့ကစီမံခန့်ခွဲနေတယ်။ လောင်းကစားဝိုင်းတွေကိုလည်း ကျောင်းသားကောင်စီက တရားဝင်ခွင့်ပြုထားတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့လောင်းကစားသမား Jabami Yumeko ဟာဆိုရင် ကျောင်းကောင်စီအဖွဲ့ဝင်တွေရဲ့ ပစ်မှတ်ထားခြင်းကို အမြဲခံနေရတယ်။ ဒီအချိန်မှာ ကျောင်းနားထားခံရတဲ့ ဒဏ္ဍာရီလာ လူသတ်သမားလို့ တင်စားခေါ်ရလောက်တဲ့ Shikigami Makuro ကို ကောင်စီဥက္ကဋ္ဌက Jabami Yumeko ကိုအနိုင်ယူဖို့ဖိတ်ခေါ်လိုက်ပါတော့တယ်။ ဒီလိုဖိတ်ခေါ်ရာကနေအစပြုပြီးတော့ ကျောင်းအတွက်ဒုက္ခများစွာကို ဖိတ်ခေါ်သလိုဖြစ်မယ်ဆိုတာကိုတော့ သူမသိခဲ့ပါဘူး။ Jabami Yumeko တစ်ယောက် ရက်စက်တဲ့ Shikigami Makuro ကို လောင်းကစားနဲ့ အနိုင်ယူပြီး ကျောင်းကိုုယ်တင်နိုင်မလား အရှုံးပေးလိုက်ရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ သည်းထိပ်ရင်ဖိုဖြစ်ဖွယ် စိတ်လှုပ်ရှားဖွယ် ​ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။