7.7
271,271
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.5 GB

Credit

200

First Blood (1982)

Action, Adventure, Thriller

Credits 200

Rambo ဆိုတာနဲ့ ခေါင်းမှာ အဝတ်စည်းပြီး M60 ကြီးကိုင်ထားတဲ့ Stallone ပုံကိုပြေးမြင်ကြမှာသေချာပါတယ်။ အဲဒါကြောင့်ဒီကားနဲ့အထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ IMDB Rating 7.7 ရရှိထားတဲ့ဇာတ်ကားလေးပါ။ အက်ရှင်ကားပရိတ်သတ်တွေအတွက် အတော်အကြိုက်တွေ့ကြမှာသေချာပါတယ်။ ကြည့်ပြီးသူတွေများမယ်ဆိုပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြောပါဦးမယ်။ဗီယက်နမ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ John.J. Rambo ဟာ အိမ်ခြေရာမဲ့လျှောက်သွားနေသူတစ်ယောက်ဖြစ်နေပြီး သူ့ရဲ့တစ်ဦးတည်းသောစစ်ပြန်သူငယ်ချင်းဆီ သွားတဲ့အခါေ သဆုံးသွားကြောင်းကိုကြားလိုက်ရပါတယ်။လေလွင့်နေရင်း နယ်မြို့လေးတစ်မြို့ကိုရောက်သွားပြီး အဲဒီမြို့က ဒေသခံရဲမှုး နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး မရှိတဲ့အမှုကိုရှာကြံပြီး တရားစွဲဖို့ကြိုးစားနေပြီး အနိုင့်အထက်လုပ်တာကိုခံရတဲ့အခါ ရဲစခန်းက ထွက်ပြေးခဲ့ပါတယ်။ သူ့အသက်ကိုသတ်ဖို့ကြိုးစားလာတဲ့အထိဖြစ်လာတာကြောင့်ပြန်လည်တုံ့ပြန်ခဲ့ပုံကိုတော့ ဇာတ်ကားမှာကြည့်ပါဗျာ။