5.0
80,027
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.3 GB

Credit

100

The Haunting (1999)

Fantasy, Horror, Mystery

Credits 100

ဒီဇာတ်ကားလေးကတော့ဒီဇာတ်ကားလေးကတော့ IMDB မှာ 5.0 ရခဲ့ပြီး Tomatoes Rating မှာတော့ 16% ဘဲရခဲ့ပါတယ်။၁၉၉၉ခုနှစ်မှာထွက်ခဲ့တာဖြစ်ပြီးတော့ ကြာသွားတယ်ဆိုပေမဲ့အထင်တော့မသေးပါနဲ့ Effects တွေ Visual တွေက အမိုက်စားတွေချည်းပါဘဲ Horror ကားကောင်းတွေသိပ်မထွက်တဲ့ဒီနှစ်ပိုင်းတွေအတွက် ကြည့်ရတာတန်မယ့် Horror ကားကောင်းတစ်ကားပါ ဒီဇာတ်ကားအကြောင်းပြောရရင် အယ်လီနော်ဗန်းဆိုတဲ့မိန်းက​လေးဟာ အမွေကိစ္စအတွက် ပြသနာတက်နေပြီး နေစရာတောင်မရှိတော့တဲ့အထိဖြစ်နေပါတယ်။ ဒေါက်တာမယ်ရိုး ဆိုသူကသုတေသနပညာရှင်ပါ။ ကြောက်ရွံခြင်းကိုသုတေသနပြုဖို့လူလိုက်လို့ရှာနေပါတယ်။ အဲလိုနဲ့ ဒေါက်တာမယ်ရိုးနဲ့ အယ်လီနော်တို့တွေ့ပါတော့တယ်။ သုတေသနပြုဖို့တောင်ပေါ်အိမ်မှာနေရပါတယ်။ဒီလိုနဲ့ ဒေါက်တာမယ်ရိုတို့အဖွဲ့ဟာတောင်ပေါ်အိမ်မှာ ဘယ်လိုနေသွားကြမလဲ။ အိမ်ကြီးရဲ့လျှိုဝှက်ချက်တွေကရောဘာလဲ။ ဒေါက်တာမယ်ရိုး ရဲ့အဖွဲ့နဲ့ရောဘယ်လိုပါတ်သတ်နေတာလဲဆိုတာဒီဇာတ်ကားမှာကြည့်ရမှာပါ။ ဒီကားဟာ ၁၉၆၃ မှာတစ်ခါရိုက်ကူးခဲ့ဖူးပြီး Rating ရှယ်ကောင်းခဲ့ပါတယ်။ ဒီကားကိုတစ်ချိန်ကအောင်မြင်ခဲ့တဲ့ Shairley Jackson ရဲ့ဝတ္ထုကိုပြန်ရိုက်ထားတာပါ။Netflix ရဲ့အောင်မြင်ခဲ့တဲ့ Series ဖြစ်တဲ့The Haunting Hill house ဟာလဲ Shairley Jackson ရဲ့ ဝတ္ထုကိုပြန်ရိုက်ထားတာပါ။ တကယ်ကောင်းတဲ့ဇာတ်ကားဖြစ်လို့အခုဘဲကြည့်လိုက်ပါတော့။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kyaw Zin Thet ဖြစ်ပါတယ်