DreamWorks Animation မှ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ Budget ပေါင်း အမေရိကန် ဒေါ်လာ 165 million အသုံးပြုပြီး ရိုက်ကူးထားခဲ့တဲ့ ဇာတ်ကားလေး တစ်ခုလဲ ဖြစ်ပါတယ် … ရုံတင်ပြီးချိန်မှာတော့ Box Office မှာ အမေရိကန် ဒေါ်လာ 498.5 million ပြန်လည်ရရှိခဲ့ပါတယ် …
Oscars အတွက် Nominated နှစ်နေရာ ဝင်ခဲ့ပြီး အခြားသော ဆုပေါင်း 25 ခု သိမ်းပိုက်နိုင်ခဲ့တဲ့ Animation ဇာတ်ကားတစ်ခုလဲ ဖြစ်ပါတယ် …
ဇာတ်လမ်းအကျဉ်းလေးကတော့ –
ဝေးလံခေါင်ဖျားတဲ့နေရာမှာ Viking ရွာလေးတရွာရှိပါတယ် … ဘိုးစဉ်ဘောင်ဆက် နဂါးတွေနဲ့တိုက်ပွဲဖြစ်နေကြသူတွေပေါ့ …
သူတို့ထဲကမှ ဟစ်ကပ်ပ် ဆိုတဲ့ကောင်လေးတယောက်ကတော့ သူများတွေလို body တောင့်တောင့်တင်းတင်းလဲမဟုတ်တော့ အများရယ်စရာဖြစ်ပီး သူ့ကိုဆို တရွာလုံးက အထင်မကြီးကြဘူး … ဒါပေမဲ့သူက ယုံကြည်ချက်နဲ့ စိတ်ဓာတ်ပြင်းထန်တယ် …
တနေ့မှာ Night Fury မျိုးနွယ်ဝင်နဂါးလေးနဲ့ ဆုံမိသွားတဲ့အခါမှာ သူထင်ထားသလို နဂါးတွေဟာ ကြမ်းကြုတ်ရက်စက်သူတွေမဟုတ်မှန်းသိလာရတဲ့အချိန်မှာ အများနဲ့တယောက်ရင်ဆိုင်ပီး ခေါက်ရိုးကျိုးလာတဲ့ ခံယူချက်ကြီးကို သူဘယ်လိုရိုက်ချိုးမလဲဆိုတာ ဟာသလေးတွေ နှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ် …
Rating တွေအရ IMDb မှာ 8.1/10 နှင့် Rotten Tomatoes မှာ 98% တို့ အသီးသီးရရှိထားတဲ့ Animation ဇာတ်ကားလေးတစ်ခုလဲ ဖြစ်ပါတယ် …