ဒီဇာတ်ကားလေးကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့တရုတ်နိုင်ငံရေးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ဟောင်း နက်ကျင်းကို ဂျပန်စစ်တပ်က ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက်မှာ ဂျပန်စစ်သားများက တရုတ်အမျိုးသမီးထောင်ပေါင်းများစွာကို မုဒိမ်းကျင့်ခဲ့ပြီး အပြစ်မဲ့အရပ်သား သိန်းပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ လုပ်ခဲ့တဲ့အကြောင်းကို ကွက်ကွက်ကင်းကင်း ရိုက်ပြထားတဲ့ နိုင်ငံရေးဇာတ်ကားလေးတစ်ကားပါ။ ဒီဇာတ်ကားမှာ ထူးခြားတာကတော့ တစ်ကားလုံး အဖြူအမည်းဇာတ်ကွက်တွေ ဖြစ်နေတာပါပဲ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်လို့ နိုင်ငံရေးကားတွေကြိုက်တဲ့ပရိတ်သတ်ကြီး အကြိုက်တွေ့မှာ သေချာပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်