5.9
124,220
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Final Destination 5 (2011)

Horror, Thriller

Credits 200

ဆမ်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေဟာ အလုပ်ခရီးတစ်ခုသွားကြရင်း ပြန်လည်ပြုပြင်ရေးတွေလုပ်နေတဲ့ တံတားကြီးတစ်ခုပေါ်ရောက်လာပါတယ်။ အရာရာတိုင်းဟာ ပုံမှန်အတိုင်းအေးအေးဆေးဆေးဖြစ်နေပုံပေါ်ပေမဲ့ ဆမ်ရဲ့အတွေးထဲမှာတော့ ဒီတံတားကြီးက နောက်မိနစ်ပိုင်းအတွင်းပြိုကျပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပါအဝင် လူပေါင်းများစွာ သေဆုံးကြမှာကို ကြိုမြင်လိုက်ရပါတယ်။ ဒါကြောင့် တစ်ကားလုံးကို သတိပေးအပြီး တံတားကြီးက တကယ်ပဲပြိုကျသွားပါတယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေကတော့ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သေခြင်းတရားကနေ ပြေးမလွတ်ခဲ့ပါဘူး။ အသက်ရှင်ကျန်ခဲ့တဲ့ သူတို့အဖွဲ့ဟာ တံတားပေါ်မှာသေခဲ့ရမဲ့လူ အစဉ်လိုက်အတိုင်း တစ်ယောက်ပြီးတစ်ယောက် အကြောင်းအမျိုးမျိုးနဲ့ သေသွားကြတဲ့အခါ ကိုယ့်အလှည့်ရောက်တော့မဲ့ ဆမ်နဲ့သူ့သူငယ်ချင်းတွေက သေခြင်းတရားကို ဒီအတိုင်းလက်ခံလိုက်မလား။ ဒါမှမဟုတ် သေမင်းကိုပြန်ပြီး လှည့်စားကြမလားဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းများ များစွာပါဝင်ကြောင်း ကြိုတင်အသိပေးပါရစေ။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။