7.6
625,083
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 5.1

File Size

3.5 GB

Credit

500

Superbad (2007)

Comedy

Credits 500

အထက်တန်းကျောင်းသားဘဝဆိုတာ အပြောင်းအလဲတွေကို စတင်ကြုံတွေ့ ခံစားရတဲ့အချိန်ဆိုလဲမမှားပါဘူး။အရက်ဘီယာတွေကို သောက်သုံးချင်လာမယ် ဆန့်ကျင်ဘက်လိင်တွေကိုလက်တွေ့စမ်းသပ်ကြည့်ချင်လာတဲ့အချိန်တွေပေါ့။ အဲ့လိုမျိုး အစဆိုတဲ့အရာတွေကို ပြုလုပ်ခံစားကြည့်ကြရင် အမှားတွေဖြစ်ပြီး ဘဝပျက်ကြတဲ့လူငယ်တွေလည်း မနည်းပါဘူး။ဘာပဲဖြစ်ဖြစ် သတိထားကြဖို့ကတော့ ကျွန်တော်တို့ရဲ့ သိချင်စိတ်ကလေးတွေကို သတိလေးထားပြီး စမ်းသပ်ကြည့်မှသာ ဒုက္ခမရောက်ပဲ ပျော်ရွှင်မှုဆိုတာကို ခံစားနိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ ငယ်ငယ်ကတည်းကပေါင်းလာတဲ့ သူငယ်ချင်းသုံးယောက် အထက်တန်းကျောင်းပြီးပြီဖြစ်လို့ နောက်နှစ်ဆိုရင် မတူညီတဲ့ကောလိပ်တွေကို သွားရတော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေက မိန်းကလေးတွေနဲ့ပက်သက်ပြီး ဘာမှမသိကြသေးပဲ ခံစားဖူးချင်ကြတာကြောင့် သူတို့သဘောကျနေတဲ့ ကောင်မလေးတွေနဲ့ အတူအိပ်ရဖို့ ကြံပါတော့တယ်။ဖြစ်ချင်တော့ အိုင်ဒီအတုလုပ်ထားတယ်ဆိုပြီး ပြောမိရာကနေ ကောင်မလေးတွေက သူတို့အတွက် အရက်ဝယ်ပေးနိုင်မလားဆိုပြီး တောင်းဆိုလာတာကြောင့် သူတို့တွေ အရက်ဝယ်ဖို့ ကြိုးစားရင် ဘယ်လိုပေါက်ကရတွေဖြစ်မလဲဆိုတာကိုတော့ ကြည့်ရှုခံစားလိုက်ကြပါအုံး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ innocentsheep ဖြစ်ပါတယ်။