5.5
273
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.4 GB

Credit

500

Legend of the Broken Sword Hero (2017)

Action

Credits 500

လက်ဝှေ့ထိုးပွဲတွေကိုနှစ်သက်ကြတဲ့ သူတွေအတွက် လက်ဝှေ့ထိုးဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုမိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်လမ်းနာမည်ကတော့ "Thong Dee Fun Khao" , "The Broken Sword Hero" လို့အမည်ရပါတယ်။ ဒီဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ထိုင်းနိုင်ငံအယုဒ္ဓခေတ်က ထုန်ဒီဆိုတဲ့ နိုင်ငံတပ်မှူးအကြောင်းပဲဖြစ်ပါတယ်။ ထုန်ဒီဟာ အယုဒ္ဓယမြို့တစ်နေရာက အညတရလေးတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက လက်ဝှေ့ပညာကိုအလွန်ကိုစိတ်ဝင်စားပြီး ကြီးလာတော့လည်း လက်ဝှေ့ပညာကိုအံ့မခန်းထူးချွန်ခဲ့ပါတယ်။ ဒါကိုဘုရင်ခံကသဘောတွေ့ပြီး ထုန်ဒီကိုတပ်မှူးအနေနဲ့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ ထုန်ဒီဟာ ရိုးသားတယ်၊ဖြောင့်မတ်တယ်၊ မလိမ်ညာဘူး၊ သတ္တိရောသစ္စာပဲရှိသူဖြစ်တယ်။ ဒါကြောင့်လည်း သူဟာ ပထမမှာ ဘုရင်ခံရဲ့ကမ်းလှမ်းချက်ကိုလက်မခံခဲ့ပါဘူး။ ဒီဇာတ်လမ်းထဲမှာ ထုန်ဒီ ရဲ့ ငယ်ဘဝကနေ တပ်မှူးဖြစ်တဲ့အထိ လက်ဝှေ့ပညာကို သူဘယ်လိုသင်ယူလိုက်စားခဲ့လဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်ကိုသွားပြီး နယ်ပယ်မတူတဲ့ ဆရာတွေဆီကနေပါ သင်ယူခဲ့တာဟာ သူများနဲ့မတူတဲ့တိုက်ကွက်များကိုသုံးနိုင်တဲ့ အံ့မခန့်းလက်ဝှေ့ပညာသည်ဖြစ်လာစေပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ Buakaw Banchamek ကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ဆောင်မင်းသားကတော့ တကယ့်လက်တွေ့မှာလည်း ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလက်ဝှေ့သမားတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ဝှေ့တိုက်ကွက်တွေနဲ့ ဟန်ပန်တွေဟာ လူစားထိုးမလို ကွက်ကွက်ကွင်းကွင်း ပုံဖော်ရိုက်ကူးထားနိုင်ခဲ့တာမို့ လက်ဝှေ့နှစ်သက်သူများအတွက်တော့ ကြည့်ပျော်စေမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာအမှန်ပါပဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zun Hnin ဖြစ်ပါတယ်