5.5
5,249
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.9 GB

Credit

200

Jarhead 2: Field of Fire (2014)

Action, Drama, War

Credits 200

ဒီဇာတ်ကားလေးကတော့ ၂၀၁၄ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action, Drama, War အမျိုးအစား စစ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တပ်ကြပ်မယ်ရီမတ်ဦးဆောင်တဲ့ မရိန်းထောက်ပို့တပ်ဖွဲ့ဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ တစ်နေ့မှာတော့ ဗျူဟာမြောက်စခန်းကို တာလီဘန်တွေဝိုင်းတိုက်ကြတဲ့အတွက် အသေအပျောက်များပြီး ထောက်ပို့ပစ္စည်းတွေ အရေးပေါ်လိုအပ်နေပါတယ်။ အဲဒီတော့ တပ်ကြပ်မယ်ရီမတ်ရဲ့တပ်ဖွဲ့ဟာ ထောက်ပို့ပစ္စည်းတွေပေးပို့ဖို့ ထွက်လာခဲ့ရာက လမ်းခုလပ်မှာ မမျှော်လင့်ပဲ ရေတပ် Seal တပ်ဖွဲ့ခေါင်းဆောင် ဖော့ဇ်နဲ့တွေ့ပြီး ကားကြုံတင်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ ဖော့ဇ်တို့နဲ့အတူပါလာတဲ့ မိန်းကလေးဟာ တာလီဘန်တွေအသည်းအသန်အလိုရှိနေတဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူဖြစ်နေခဲ့ပါတယ်။ အဲဒီတော့ တပ်ကြပ်မယ်ရီမတ်ရဲ့ထောက်ပို့မရိန်းတပ်ဖွဲ့ဟာ အဲဒီမိန်းကလေးကို တာလီဘန်တွေရဲ့လက်ထဲကနေ ဘယ်လိုကယ်တင်သွားကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် စစ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်