ဂေါ်ဇီလာရုပ်ရှင်တော်တော်များများကို ကျွန်တော်တို့ကြည့်ဖူးကြပါတယ်..ကြည့်လိုက်တိုင်းလည်း လူသားတွေရဲ့ဲပြသနာရှာမှု့တွေကိုဂေါ်ဇီလာကပဲ လိုက်ဖြေရှင်းတိုက်ခိုက်ပေးနေရတာပါ…ပြောရမယ်ဆိုရင် လူသားတွေကတိုက်တန်ကြီးတွေကိုမုန်းတယ်ဒါပေမယ့် တကယ်တမ်းပြသနာတက်လာခဲ့ရင်လည်းအဲဒီတိုက်တန်တွေရဲ့ဘုရင်ကြီးကပဲ ထွက်လာရတာပါပဲ….အဲချိန်ကျမှ ဟေးခနဲ ဝါးခနဲ အသံတွေနဲ့ပျော်နေကြတာလည်းလူသားတွေပါပဲ..
ဒီကားမှာလည်း နဂိုထဲကပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့Ghidorah (ခေါင်းသုံးလုံးနဂါး) ကိုထွက်လာအောင်သွားလုပ်လို့ဘုရင်ကြီးကပဲ မနေနိုင်မထိုင်နိုင်ဖြစ်ပြီးထွက်ကယ်ရပြန်ပါတယ်….အသေချကြပါတယ်….. အကောင်ကြီးတွေချတာကြည့်ပြီး ကြက်သီးလည်းထတယ်..အကောင်းဆုံးကတော့ ဂေါ်ဇီလာရဲ့ theme song ပြန်ပါလာပါတယ်….အဲအသံကိုကြားတဲ့ချိန်ပျော်တယ်ဆိုတာထက် မိုက်တယ်ကွာလို့တောင် ပြောမိတယ်….
ကျွန်တော်တို့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေတဲ့ Epic Battle တစ်ခုကိုခံစားပြီးပါပြီ…End Game က Final Scene ပါ….နောက် Epic Battle တစ်ခုကိုပြောပါဆိုရင်တော့ဒီကားထဲက Godzilla နဲ့ Ghidorah (ခေါင်းသုံးလုံးနဂါး) တို့ရဲ့တိုက်ပွဲပါပဲ…တကယ်လည်းမိုက်တယ် …. အသေချတယ်….ကြည့်ရတဲ့လူအဖို့ ဂေါ်ကြီးနိုင်ပါစေ ….ဂေါ်ကြီးထိသွားရင်လည်း ဟာခနဲဖြစ်ပြီးရင်ခုန်ပြီးကြည့်နေရတာပါ….ဒီကားက တိုက်တန်ကြီးတွေချတာကိုကြည့်တာနဲ့တင်လုံးဝတန်နေပြီဖြစ်တဲ့ ကားလို့တောင်ပြောလို့ရပါတယ်…ဒါကြောင့် ဒီကားရဲ့ ဇာတ်လမ်းအကြောင်းကိုအားလုံးလည်းနားလည်အောင် အနည်းငယ်တင်ဆက်ပေးပါရစေ…ဒီရုပ်ရှင်ကတော့ ၂၀၁၄ ဂေါ်ဇီလာကားရဲ့ အဆက်ဖြစ်ပြီးတော့Rating 6.6 ရရှိထားပါတယ်..
Rating နည်းတာကိုမကြည့်ပါနဲ့…တိုက်တန်ကြီးတွေရဲ့Battle တွေကိုကြည့်ကြည့်ပါ…လုံးဝအလန်းကြီးတွေပါ………ဇာတ်လမ်းသဘောအရတော့ ဂေါ်ဇီလာနဲ့ တိုက်တန်အချို့တိုက်ပွဲအပြီးမှာ မိုနာ့ခ် အဖွဲ့ကြီးဟာ အခြားသော တိုက်တန်တွေကို ရှာဖွေထိန်းသိမ်းနေကြပါတယ်။ ဒေါက်တာ အမ်မာကတော့ တိုက်တန်တွေကို အမိန့်ပေးနိုင်မယ့် အော်ကာလို့ ခေါ်တဲ့ စက်တစ်မျိုးကို တီထွင်နိုင်ခဲ့တယ်။ အဲဒီစက်ကနေ ဂီဒီုရာနိုးထလာပြီး အခြားတိုက်တန်တွေရဲ့ ဘုရင်နေရာအတွက် ဂေါ်ဇီလာနဲ့ အားပြိုင်မှုတွေ ဖြစ်လာပါတော့တယ်……