6.6
83,647
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.1 GB

Credit

200

Midnight Special (2016)

Drama, Mystery, Sci-Fi

Credits 200

ဇာတ်လမ်းအဖွင့်ကတည်းက သောက်ရမ်းလန်းပါတယ်။ sci-fi thriller ဆိုတာ ခဏလေးအတွင်းမှာဘဲ လုံလုံလောက်လောက် ခံစားလိုက်ရတယ်။ ဇာတ်လမ်း အသိမ်းပိုင်းမှာလည်း မြင်လိုက်ရတဲ့ အရာတွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတယ်။ တကယ်တော့ တစ်ကားလုံးမှာ ဆန်းကြယ်တာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ထင်မှတ်မထားတာတွေ အပြည့်ပါ။ Midnight Special ဟာ sci-fi အနေနဲ့ အတော် စိတ်ဝင်စားစရာကောင်းပြီး thriller အနေနဲ့ ဖျော်ဖြေမှုတော်တော်ပေးနိုင်တဲ့ ကားလေးပါ။ ရှိတဲ့ budget နဲ့ sci-fi genre ကို ဒီလောက်အဆင့်ထိ ဖန်တီးနိုင်တာ သက်ဆိုင်သူတွေ တော်တော် တော်ကြပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာ writer အဖြစ်ရော ဒါရိုက်တာအဖြစ်ရော တာဝန်ယူထားတဲ့ Jeff Nichols ပေါ့။ ဒီဇာတ်ကား စကြည့်ဖြစ်တဲ့ အကြောင်းအရင်းကလည်း သူနဲ့ သရုပ်ဆောင်တွေကြောင့်လို့ ဆိုရမှာပါ။ ကိုယ်ကြိုက်တဲ့ ဒါရိုက်တာ ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေပါရင် ဘာကားဖြစ်ဖြစ် အမြဲတမ်းလိုလို ကြည့်ရတာ စိတ်ကျေနပ်မှုရပါတယ်။ သရုပ်ဆောင်တွေက Michael Shannon, Joel Edgerton, Adam Driver, Kristen Dunst တို့ပါ။ အဓိက ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ ကလေးအပါအဝင် သူတို့ အားလုံး အကောင်းဆုံး သရုပ်ဆောင်သွားကြပါတယ်။ ပြီးတော့ ရုပ်ရှင်နည်းပညာပိုင်းကလဲ ဘက်ဂျက်နဲ့ ယှဉ်လိုက်ရင် ချွင်းချက်မရှိ သာပါတယ်။ အထူးသဖြင့် Cinematography နဲ့ အသုံးပြုတဲ့ effect တွေဟာ အတော်ကောင်းမွန်တာ တွေ့ရပါတယ်။ အသံပိုင်းကလဲ ဇာတ်လမ်းနဲ့လိုက်အောင် thrill ဖြစ်လှပါတယ်။ ကျနော့်အဖို့တော့ အဘက်ဘက်က ပြောစရာမရှိအောင် တော်တော် ကောင်းမွန်တဲ့ budget အသင့်တင့် sci-fi thriller တစ်ကားပါ။ ဇာတ်လမ်းအကြောင်းကိုတော့ မပြောချင်ပါဘူး။ နောက်ပြီး thriller ဖြစ်တာကြောင့် မသိဘဲ ကြည့်တာ ပိုကောင်းပါတယ်။ sci-fi ရောထားပေမယ့်လဲ နားလည်ရခက်တဲ့ လိုက်မမှီတဲ့ science facts တွေ မပါတော့ ဘာမှသိမထားပဲ ကြည့်တာ ပြဿနာမရှိပါဘူး။ ကျနော်ဆို ထရေလာတောင် မကြည့်ခဲ့ပါဘူး။ အထူသဖြင့် Jeff Nichols အရင်ဖန်တီးခဲ့တဲ့ drama thriller တွေဖြစ်တဲ့ Shotgun Stories, Mud, Take Shelter တို့ ကြည်ဖူးတဲ့သူတွေ Midnight Special ကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ကြပါ။ ဇာတ်ကားကို ကြိုက်မှာ သေချာသလို Jeff ကိုလဲ ပိုပြီး နှစ်သက်လာစေမှာ သေချာပါတယ်။ ဇာတ်ကားက အရမ်းကြီးကောင်းတယ်လို့တော့ မညွှန်းချင်ပါဘူး၊ ဒါပေမယ့် ဒီ budget နဲ့ ဒီလိုကားမျိုးဟာ ကျနော်အဖို့ special ဖြစ်နေတာတော့ အမှန်ပါ။ တစ်နေ့က ကြည့်ခဲ့တဲ့ 10 Cloverfield Lane လဲ ဘက်ဂျက် အသင့်တင့်နဲ့ အတော် သာမွန်တဲ့ sci-fi thriller တစ်ကားပါ။ MIdnight Specail မှာတော့ သူ့ထက် ပိုကြီးမားတဲ့ set အပြင်အဆင်တွေ ရိုက်ကူးရေးနည်းပညာတွေကြောင့် ပိုသဘောကျမိပါတယ်။ တချို့ sci-fi တွေဆိုရင် budget သန်းရာကျော် သုံးတာတောင် ချာတူးလန်တွေအများကြီးပါ .. ကျနော်ကတော့ drama thriller တွေဘဲ ရိုက်လာတဲ့ ကိုယ်နှစ်သက်တဲ့ ဒါရိုက်တာ တစ်ယောက်ဆီက ဒီလို အဆင့်မြင့်တဲ့ indie sci-fi thriller ကားလေးဖြစ်မြောက်လာတာ ကျေးဇူးတောင် တင်မိပါတယ်။ Jeff ကတော့ သူ့ရဲ့ ဒါရိုက်တာ career revolution စပြီလို့ ဆိုရမှာပါ..။