7.8
263,807
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4 GB

Credit

200

Changeling (2008)

Biography, Crime, Drama

Credits 200

ဒီတခါမှာတော့ IMDB rating (7.8) ရရှိထားပြီး မင်းသမီး Angelina Jolie ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Changeling ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တာကြောင့် ၁၀ နှစ်ခန့်ကြာနေပြီဆို ပေမယ့် ဇာတ်ကားဟောင်း ဇာတ်ကားကောင်းတကား ဖြစ်တယ်ဆိုတာကိုတော့ သေချာပေါက်ပြောနိုင်ပါတယ်။ ဒါရိုက်တာ Clint Eastwood ရိုက်ကူးခဲ့တဲ့ Biography Crime Drama ရုပ်ရှင်အမျိုးအစားဖြစ်ပြီး မင်းသမီး Angelina Jolie အပါအဝင် Colm Feore , Amy Ryan စတဲ့အခြားသောသရုပ်ဆောင်တွေကလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၈ ခုနှစ်ကာလ လော့စ်အိန်ဂျယ်လိစ်မှာ Single Mother တယောက်ဖြစ်တဲ့ Jolie ဟာ ဖုန်းအော်ပရေတာအချိန်ပိုင်းအလုပ်ကနေ သူမရဲ့ ၉ နှစ်သားအရွယ်သားလေး ပျောက်ဆုံးသွားတဲ့သတင်းကြောင့် အလော တကြီးပြန်လာခဲ့ရတဲ့ အခြေအနေနဲ့ ဇာတ်လမ်းကို စတင်ထားပါတယ်။ လော့စ်အိန်ဂျလိစ်ရဲဌာန ကိုလည်း လူပျောက်တိုင်ဖို့ အတွက် သူမဟာ တချိန်လုံးဖုန်းတွေဆက်နေခဲ့ပါတယ်။ အချိန် ငါးလ ကြာပြီးနောက်မှာမှ အီလီနွိုက်ပြည်နယ်မှာ သူမရဲ့ သားလေး ကို ပြန်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် မိခင်တယောက်အနေနဲ့တော့ ဒီကလေးဟာ သူ့သားဟုတ်မဟုတ်ကို ကြည့်ရုံနဲ့ သိနိုင်တယ်မဟုတ်ပါလား။ တခြားအမူအကျင့်တွေ ပြောပုံဆိုပုံတွေနဲ့ပါ နှိုင်းယှဉ်ပြီးကြည့်မြင်မယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာဟာ အသေအချာပဲဖြစ်ပါတယ်။ ဒီကလေးကို Jolie ဟာ သူ့သွေးသားအရင်းအချာလိုပဲ ဆက်မွေးမလား၊ ဒါမှမဟုတ် လော့စ်အိန် ဂျလိစ်ရဲဌာနကိုပဲ ပြန်အပ်လိုက်မလား၊ ပျောက်ဆုံးနေတဲ့ သူ့သားငယ်လေးကိုရော ပြန်တွေ့နိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းကို ဆက်လက်ကြည့်ရှုမှပဲ သိနိုင်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၂၈ ခုနှစ်ကာလအပိုင်းအခြားကို နောက်ခံရိုက်ကူးထားတာဖြစ်တာကြောင့် ခေတ်မီ ဆန်းသစ်မှုတွေကို တော့ တွေ့မြင်ရမှာ မဟုတ်ပါဘူး။ ခိုင်မာလွန်းလှတဲ့ ဇာတ်လမ်းနဲ့ တောင့်တင်းလွန်းလှတဲ့ ဇာတ်အိမ်၊ ဦးထုပ်ခပ်ဝိုင်းဝိုင်း ဆောင်းထားတဲ့ Jolie ရဲ့ သရုပ်ဆောင်ပုံတွေဟာ အဲဒီခေတ်ကာလရဲ့ ယဉ်ကျေးမှုနဲ့ ရာဇဝတ်မှုတွေကို ဒါရိုက်တာက အလျဉ်းသင့်ရင်သင့်သလို ရိုက်ကူး တင်ပြထားတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အေးစက်စက်ဇာတ်လမ်းထဲမှာ မိခင်တယောက်ရဲ့သောကဟာ ဘယ်လောက်ထိပူလောင်နေမလဲဆိုတာကို ရုပ်ရှင်ချစ်ပရိသတ်တွေ ဒီဇာတ်ကားမှာ ကြည့်ရှုရမှာ ဖြစ်တာကြောင့် ညွှန်းဆိုပေးလိုက်ရပါတယ်။