7.6
589,034
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.1 GB

Credit

500

Kick-Ass (2010)

Action, Comedy, Crime

Credits 500

ဒီဇာတ်လမ်းကတော့ စူပါဟီးရိုးတွေကို အရမ်းသဘောကျပြီး သူတို့လိုဖြစ်ချင်တဲ့ကောင်လေးရဲ့ စိတ်ရူးပေါက်လုပ်ရပ်ကနေ ပြသာနာတွေ တစ်သီကြီး နောက်ကလိုက်လာတဲ့ Action ကားဖြစ်ပါတယ်။ ငယ်စဉ်တည်းက စူပါဟီးရိုးဖြစ်လာဖို့ စိတ်ကူးယဉ်ခဲ့ပြီး စူပါဟီးရိုးကာတွန်းတွေပဲ အမြဲဖတ်တဲ့ မထင်မရှားသာမန် ဆယ်ကျော်သက်ကျောင်းသားလေး ဒေ့ဗ်....သူ တစ်လျှောက်လုံး အိပ်မက်မက်ခဲ့တဲ့အရာကို အကောင်အထည်ဖော်ရာကနေ နာမည်ကျော်သွားပြီး Kick-Ass ဆိုတဲ့နာမည်နဲ့ အင်တာနက်မှာ ရေပန်းစားလာတဲ့အခါ... နယူးယောက်မှာ သူ့လိုပဲ စူပါဟီးရိုးတွေ ရှိနေပြီး ရာဇ၀တ်မှုနိမ်နင်းရာကနေ မူးယစ်ဆေးအရောင်းအ၀ယ်လုပ်တဲ့ ဂိုဏ်းကြီးနဲ့ ပတ်သက်မိတဲ့အခါ... တကယ်ကြမ်းတဲ့ စူပါဟီးရိုးသားအဖနဲ့ Kick-Ass အမည်ခံ ဒေ့ဗ်တစ်ယောက် ဘယ်လို ပြသာနာတွေ စွန့်စားခန်းတွေနဲ့ ကြုံရဦးမလဲ...သူတို့သားအဖရည်ရွယ်ချက်ကရော ဘာလဲဆိုတာ ဆက်လက်ရှုစားလို့ရပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။