6.5
117,209
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

4.9 GB

Credit

500

Safe (2012)

Action, Crime, Thriller

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Safe လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် Action ဇာတ်လမ်းကောင်းကောင်းလေးကိုမှ ကြိုက်နှစ်သက်သူတွေအတွက် 2012 ခုနှစ်က ထွက်ရှိခဲ့ပြီး **IMDB 6.5** အထိ ရရှိထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဘယ်နံပါတ်ကုတ်မဆို အလွယ်တကူမှတ်မိနိုင်ပြီး ကွန်ပျူတာဦးနှောက်ပိုင်ရှင်လို့သတ်မှတ်ရမဲ့ အသက် (၁၁) အရွယ် ကောင်မလေး မေ... သူ့ကို တရုတ်က လျှို့ဝှက်အဖွဲ့အစည်းတွေက သဘောကျသွားပြီး ခေါင်းဆောင်ဖြစ်သူက ဟန်ကျောင်က သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ ကူညီဖို့အတွက် မေကို နယူးယောက်မြို့က တရုတ်တန်းဆီ ‌ခေါ်ယူလိုက်ပါတယ်။ တစ်ဖက်မှာလည်း လုခ်ရိုက် ကတော့ ပြိုင်ကွင်းထဲမှာ ပြိုင်ဘက် ရုရှားမာဖီးယားအဖွဲ့သားတစ်ယောက်ကို သတ်လိုက်မိပြီး လက်စားချေတဲ့အနေနဲ့ ရုရှားတွေက သူ့မိန်းမကို သတ်ပစ်လိုက်ပါတယ်။ အသည်းကွဲပြီး အရက်စွဲနေတဲ့ လုခ်တစ်ယောက် အိမ်ခြေရာမဲ့လျှောက်သွားရင် ဘဝကို ဖြစ်သလိုနေထိုင်မိနေတာပါ။ တစ်နေ့မှာတော့ ဟန်ကျောင်က မေ ကို နံပါတ်အရှည်ကြီးတစ်ခုကို အလွတ်မှတ်ခိုင်းပါတယ်။ မကြာခင်မှာပဲ ရုရှားမာဖီးယား‌တွေက မေကို တရုတ်တွေရဲ့လက်ထဲကနေ လုယူသွားပြီးနောက်မှာတော့ မေ ဟာ တရုတ်တွေလက်ကနေလွတ်မြောက်သွားပြီး ရုရှားတွေရဲ့လိုက်ဖမ်းတာခံရရင်းကတစ်ဆင့် နယူးယောက်က ရဲတွေကပါ သူ့ကို လိုက်ဖမ်းနေတဲ့အခါမှာတော့ ... အဖွဲ့တွေကြားထဲကနေ ထွက်ပြေးနေတဲ့‌ မေ ကို လုခ်တစ်ယောက် ဘူတာမှာတွေ့လိုက်ပြီး အမှတ်မထင်ကယ်လိုက်မိတဲ့အခါမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ လွတ်မြောက်အောင်လုပ်ရမလဲ... ကောင်မလေး မေ ကိုရော ဘာလို့ အသည်းအသန်လိုက်ဖမ်းနေကြရတာလဲ... သူ့မှာဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ.. နောက်ဆုံးမှာရော သူတို့နှစ်ယောက် ထွက်ပြေးနေရတဲ့ဘဝကနေ လွတ်မြောက်အောင် လုပ်နိုင်ပါ့မလား ဆိုတာကိုတော့ ...ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦး။... ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်သူကတော့ **Max** ဖြစ်ပါတယ်။