6.0
23,326
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

The Room (2019)

Drama, Fantasy, Horror

Credits 200

ဘ၀မှာ ကိုယ်လိုချင်တာမှန်သမျှ အကုန်ရမယ်ဆိုရင် ဘာတွေများ တောင်းဆိုကြမလဲ။ ဒီလောကကြီးမှာ ဘယ်အရာမှ အလကားမရတာတော့ အမှန်ပါပဲ။ ဒီကားက စိတ်လှုပ်ရှားစရာ mystery, thriller အမျိုးအစားဖြစ်ပြီး ရသတစ်ခု ပေးစွမ်းနိုင်မှာပါ။ ကိတ်နဲ့ မက်တို့ ဇနီးမောင်နှံက နယူးယောက် မြောက်ပိုင်းက အိမ်ကြီးကို ပြောင်းလာကြပါတယ်။ မက်က ပန်းချီဆရာဖြစ်ပြီး ကိတ်က လခနည်းနည်းပဲ ရတဲ့ ဘာသာပြန်အလုပ် လုပ်ပါတယ်။ သူတို့ နှစ်ယောက်က ကလေးလည်း မရနိုင်တဲ့အတွက် လင်မယား၂ယောက် ဈေးသက်သာတဲ့ ဒီအိမ်ကြီးကို ၀ယ်ပြီး ပြောင်းလာတာပါ။ ပစ္စည်းတွေနေရာချရင်း မက်က ထူးဆန်းတဲ့သော့ပုံစံရှိတဲ့ အခန်းတစ်ခန်းကို တွေ့သွားပါတယ်။ နောက်တော့ အဲ့အခန်းထဲမှာ ကိုယ်လိုချင်တဲ့ပစ္စည်းတောင်းလိုရတာ သိသွားပြီး ကိတ်နဲ့အတူ တောင်းကြပါတယ်။ တန်ဖိုးကြီး ပန်းချီကားတွေ ငွေတွေအသုံး‌အ‌ေဆာင်တွေ အ၀တ်အထည် စားစရာတွေ အစုံပါပဲ။ အခန်းက သူတို့‌တောင်းတဲ့ ပစ္စည်းမှန်သမျှပေးနိုင်ပါတယ်။ ကိတ်တို့လင်မယား စည်းစိမ်ခံစားရင်းနဲ့ ကိတ်က သားသမီးလိုချင်တဲ့အတွက် ကလေးတောင်းလိုက်တဲ့အခါ.... အခန်းက ပေးတဲ့ ကလေးက တကယ်ပဲ ကလေးအစစ်လား သူတကယ်အသက်ရှင်နိုင်လား၊ သဘာ၀ကို လွန်ဆန်ပြီး ကိတ်ရဲ့ရူးမိုက်မှုကြောင့် သူတို့ ဘယ်လို အန္တရာယ်ကြုံတွေ့ရဦးမလဲဆိုတာ ဆက်အားပေးလိုက်ပါနော်။ ဒီဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Shune Lai KK ဖြစ်ပါတယ်။