မွေးရာပါသိုင်းစွမ်းအားနဲ့မွေးဖွားလာခဲ့ပေမယ့် အဲ့ဒီစွမ်းအားကြောင့်ပဲ လူကနုံနုံအအဖြစ်နေတဲ့ ယန်းလုချန်းဟာ ချန်းမျိုးနွယ်ခေါင်းဆောင်ရဲ့သမီးနဲ့ လက်ထပ်ဖို့ဖြစ်လာတယ်။ ချန်းမျိုးနွယ်သိုင်းပညာကို အပြင်လူကို သင်ပေးလို့မရတဲ့ စည်းမျဉ်းကြောင့် ဆရာကြီးဟာ လုချန်းကိုယ်ထဲက စွမ်းအင်တွေ အတည်တကျအောင် သမီးဖြစ်သူရဲ့ယင်းဓါတ်နဲ့ပေါင်းစပ်သွားအောင်လို့ မိသားစု၀င်အဖြစ်သွင်းကာ မိမိတို့ကိုယ်ပိုင်ဟန်သိုင်းပညာကို သင်ယူနိုင်အောင် လုပ်ပေးတယ်။ မင်္ဂလာဆောင်တဲ့နေ့မှာပဲ အိမ်ကနေအကြာကြီးထွက်သွားခဲ့တဲ့ ချန်းအိမ်က အကြီးဆုံးသား ပြန်ရောက်ချလာတာကနေ စပြီးတော့ ပြဿနာပေါင်းစုံတက်ပါတော့တယ်။ တရုတ်သိုင်းကားကြိုက်နှစ်သက်သူတွေအတွက် အမိုက်စားသိုင်းချခန်းတွေနဲ့ ဟာသဆန်ဆန်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်