7.2
256,917
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

5 GB

Credit

500

Encanto (2021)

Animation, Comedy, Family

Credits 500

အိမ်ဆိုတာကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်ပါသလဲ ? လောကကြီးရဲ့အခြေခံအကျဆုံးလူ့အဖွဲ့အစည်းဖြစ်တဲ့ မိသားစုဆိုတာကိုရောဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်ပါသလဲ ? ဒီမေးခွန်းတွေကိုတွေ့ရင် လူတစ်ကိုယ်အကြိုက်တစ်မျိုး စရိုက်တစ်မျိုးရှိတဲ့လောကကြီးမှာ ပုံစံတစ်မျိုးစီ၊ အရည်အချင်းတစ်မျိုးစီဖြစ်နေတဲ့သင့်ရဲ့မိသားစုဝင်တွေကိုပြေးသတိရမိမှာအသေအချာပါပဲ။ စိတ်ကူးယဉ်ပုံပြင်လှလှလေးတွေရေးဖွဲ့ပုံဖော်လေ့ရှိတဲ့ Disney ကတော့အခုနောက်ပိုင်းမှာ စိတ်တက်ကြွဖွယ်ဇာတ်လမ်းလေးတွေကို ပုံစံမျိုးစုံနဲ့ရိုက်ကူးတင်ဆက်လာတတ်တာ အားလုံးမျက်မြင်ပါပဲ။ ဒီတစ်ခါမှာလည်း Encanto ဆိုတဲ့ Animated movie လေးကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၂၄ရက်နေ့မှာထုတ်လွှင့်ပေးခဲ့ပါတယ်။ ကိုလမ်ဘီယာနိုင်ငံကိုတည်နေရာကျောရိုးယူထားတဲ့အတွက် တောင်အမေရိကထုံးစံအတိုင်း စပိန်လေသံနဲ့ စပိန်ယဉ်ကျေးမှုတွေလွှမ်းမိုးနေတဲ့အပြင် musical film ဖြစ်တဲ့အတွက်ကြောင့် စပိန်သီချင်းမြူးမြူးလေးတွေလည်းနားဆင်ရမှာပါ။ ကဲ ဇာတ်လမ်းမိတ်ဆက်လေးကိုစလိုက်ရအောင်။ ထူးဆန်းတဲ့မာဒရီဂါမိသားစုဟာ ကိုလမ်ဘီယာနိုင်ငံတစ်နေရာကတောင်တွေကြားမှာရှိတဲ့ အင်ကန်တိုဆိုတဲ့နေရာလေးမှာနေထိုင်ကြပါတယ်။ သူတို့မိသားစုက မျိုးရိုးစဉ်ဆက်တိုင်းကလူတိုင်းမှာ ဆန်းကြယ်ခြင်းဖယောင်းတိုင်ကပေးတဲ့ မှော်ဝင်လက်ဆောင်စွမ်းအားတစ်ခုစီရှိကြပါတယ်။ ဒီလက်ဆောင်စွမ်းအားတွေနဲ့ သူတို့ကလူ့ပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့သူတွေအဖြစ် နေထိုင်ကြပါတယ်။ ဒါပေမယ့် မာဒရီဂါမိသားစုရဲ့မြေးတွေထဲကတစ်ယောက်ဖြစ်တဲ့ မာရီဘလ်ကတော့ဆန်းကြယ်ခြင်းဖယောင်းတိုင်ရဲ့လက်ဆောင်စွမ်းအားကိုမရနိုင်ခဲ့ပါဘူး။ ဒီအတွက်မိသားစုထဲမှာအနည်းငယ်ဖယ်ကြဉ်ခြင်းခံရပေမယ့် မာရီဘလ်ကတော့ဝမ်းမနည်းပဲသူတတ်နိုင်တဲ့ဘက်က နည်းလမ်းပေါင်းစုံနဲ့ မိသားစုနဲ့ပတ်ဝန်းကျင်အကျိုးကိုကူညီပေးပါတယ်။ ဒီလိုသင်းကွဲငှက်ဖြစ်နေတာ မာဒရီဂါမိသားစုထဲမှာဆိုရင် မာရီဘလ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ မာရီဘလ်ရဲ့ဦးလေးတဖြစ်လည်း အနာဂတ်ကိုမြင်နိုင်တဲ့စွမ်းအားရှိသူဘရူနိုကလည်း သူ့ရဲ့ထူးဆန်းတဲ့စွမ်းအားနဲ့အမူအကျင့်တွေကြောင့် မိသားစုထဲကဖယ်ကြဉ်ခံရပြီး အိမ်ကနေပျောက်ကွယ်သွားသူပါ။ ဒီလိုနဲ့အခြားမိသားစုဝင်တွေလို မှော်ဝင်လက်ဆောင်စွမ်းအားမရှိသူမာရီဘလ်ဟာတတ်နိုင်သမျှကြိုးစားပေမယ့်လည်း အိမ်ရဲ့အကြီးအကဲဖြစ်သူအဘွားကအသိအမှတ်မပြုဘဲ လျစ်လျူရှုထားဆဲပါပဲ။ တစ်နေ့မှာတော့ ဆန်းကြယ်ခြင်းဖယောင်းတိုင်နဲ့လက်ဆောင်စွမ်းအားတွေရှိနေတဲ့ မာဒရီဂါမိသားစုရဲ့ ကာဆီတိုအိမ်လေးမှာအက်ကွဲရာတွေထင်လာတော့တဲ့အခါ.... ဆန်းကြယ်ခြင်းဖယောင်းတိုင်ရဲ့အစွမ်းကပျောက်ကွယ်သွားတော့မှာလား... ? မိသားစုထဲတမူကွဲထွက်နေတဲ့ မာရီဘလ်ရဲ့မိသားစုအပေါ်ချစ်မြတ်နိုးမှုတွေကိုရော မိသားစုဝင်တွေကနားလည်နိုင်ပါ့မလား... ? ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။