7.7
857,513
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Gravity (2013)

Drama, Sci-Fi, Thriller

Credits 200

Gravity ဆိုတဲ့ အာကာသသိပ္ပံနဲ့ဆိုင်တဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မစ်ရှင် ကျွမ်းကျင်သူ ဒေါက်တာ ရိုင်ယန်စတုန်းက သူမအဖွဲ့သား‌တွေနဲ့ သုတေသနအတွက် အာကသထဲက ဂြိုလ်ပေါ်ရောက်နေတာ ရက်သတ္တပတ်တွေကြာပါပြီ။ သူမရဲ့ system ကို စမ်းသပ်နေရင်းနဲ့ပါ။ ကံဆိုးစွာနဲ့ ရုရှားဘက်က သူတို့ဂြိုလ်တုကို သူတို့ကိုယ်တိုင် ဒုံးကျည်နဲ့ပစ်မိတဲ့အခါမှာ ဆိုးရွားတဲ့ ဖြစ်ရပ်တွေစတော့တာပါပဲ။ ရလဒ်ကတော့ ကွင်းဆက်ဖြစ်သွားပြီး အနားက ဂြိုလ်‌တုတွေကိုပါ ထိမိကာ အပျက်အစီးတွေ လွင့်လာပါတယ်။ ဒေါက်တာစတုန်းရဲ့ အဖွဲ့သားတွေလည်း ထိခိုက်မိပြီး အာကာသထဲမှာ ကျဆုံးကုန်ကြပါတယ်။ သူမကိုယ်တိုင်လည်း အောက်ဆီဂျင် စပြတ်လာပါတယ်။ ဒေါက်တာစတုန်းနဲ့ ကျန်ခဲ့တဲ့ တပ်သား အာကာသယာဉ်မှူး ကိုဝါစကီတို့ဟာ အပျက်အစီးတွေကြားကနေ မြေပေါ်ဆင်းနိုင်ဖို့ကြိုးစားရပါတယ်။ အခက်အခဲတွေ အတားအဆီးတွေကို ဒေါက်တာစတုန်းဟာသူ့အဖော် ကိုဝါစကီရဲ့ လမ်းညွှန်မှုနောက်လိုက်ပြီး ကျော်ဖြတ်ဖို့ကြိုးစားပါတယ်။ သူမ‌အဖော် ကိုဝါစကီကရော မြေပေါ်အတူဆင်းသက်နိုင်ပါ့မလား။ နောက်ဆုံးမှာ ဒေါက်တာစတုန်း ဘယ်လိုပုံစံ ဘယ်လိုအကူအညီနဲ့ မြေပြင်ပေါ်ရောက်အောင် ဆင်းသက်မလဲ၊ သူမရော အသက်ရှင်ကျန်နိုင်ပါ့မလား ဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Sandra Bullockက အဓိကဇာတ်ကောင်အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် စိတ်ကျေနပ်စရာ ကြည့်ရှုနိုင်မှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်