ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Comedy, Drama, Romance
အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Alasdair Gray ရဲ့ဝတ္ထုကို
အခြေခံထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ IMDb Rating 8.3 အထိရရှိထားသလို ကောင်းမွန်တဲ့မှတ်ချက်တွေ အများကြီးရရှိထားပြီး အော်စကာဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်မြို့က ဗစ်တိုးရီးယားဆိုတဲ့ ကိုယ်ဝန်သည်
မိန်းကလေးတစ်ယောက်ဟာ တံတားပေါ်ကနေခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။ နာမည်ကြီးခွဲစိတ်ဆရာဝန် ဂေါ့ဝင်းဘက်စ်တာက အဲဒီအလောင်းကို သူ့ရဲ့ခွဲစိတ်ခန်းထဲကိုယူဆောင်လာပြီး ကလေးရဲ့ဦးနှောက်ကိုထုတ်ကာ ဗစ်တိုးရီးယားရဲ့ ခေါင်းထဲမှာထည့်ပြီး
အသက်ပြန်သွင်းပေးခဲ့ပါတယ်။
ရလဒ်အနေနဲ့တော့ အသက်ပြန်ရှင်လာပေမယ့်
အသိစိတ်ကတော့ ကလေးတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။ ဗစ်တိုးရီးယားရဲ့နာမည်အသစ်ကတော့ ဘယ်လာဘက်စ်တာပေါ့။ အဲဒီတော့ ဂေါ့ဒ်ဝင်းဘတ်စတာကို ဘယ်လာရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေကို သူ့တပည့်မက်စ်ကို မှတ်တမ်းတင်ခိုင်းထားပါတယ်။ ဒါပေမဲ့ဘယ်လာဟာ အသိဉာဏ်တွေဖွံ့ဖြိုးလာတာနဲ့အမျှ လောကကြီးကို စူးစမ်းချင်တွေက
ပြင်းထန်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အခွင့်အရေးသမားဒန်လန်က ပေါ်တူဂီ၊ လစ္စဘွန်းကို
သူနဲ့အတူလိုက်ခဲ့ဖို့ ဘယ်လာကို စည်းရုံးခဲ့ပါတယ်။
နောက်ဆုံးတော့ ဘယ်လာဟာ
သွားခွင့်မပေးတဲ့ကြားထဲက ဒန်လန်နဲ့အတူ လစ္စဘွန်းကို စွန်းစားခရီးထွက်ခဲ့ပါတော့တယ်။
အဲဒီတော့ အခွင့်အရေးသမားဒန်လန်ကိုယုံစားပြီးလိုက်လာခဲ့တဲ့ ဘယ်လာဟာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ။ သူ့အတွက် အရာရာအသစ်အဆန်းဖြစ်နေတဲ့လောကကြီးထဲမှာ ဘယ်လိုရှင်သန်နေထိုင်သွားမလဲဆိုတာကို စိတ်ဝင်တစား
ကြည့်ရှုခံစားရမှာပါ။
ဒီဇာတ်ကားလေးမှာ မင်းသမီး Emma Stone ရဲ့ကောက်ကြောင်း
အလှတွေနဲ့ Spartacus လိုမျိုး ပွင့်လင်းမြင်သာတဲ့ Nude Sense တွေ၊ Bed Sense တွေ ဖောဖောသီသီပါတဲ့အတွက် ၁၈ ယောက်စုပြီး ကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်