6.3
2,324
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.3 GB

Credit

100

Hide and Seek (2013)

Mystery, Thriller

Credits 100

Sung Sooဟာ အဆင့်မြင့်အိမ်ရာက တိုက်ခန်းတစ်ခုမှာ ချစ်စရာ ဇနီး၊သားနဲ့သမီးတို့ ပါဝင်တဲ့ ပျော်ရွှင်ဖွယ်မိသားစု ဘဝလေး ထူထောင်ထားသူပါ။မြို့ထဲမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ Sung Soo ဟာ အသန့်အပြန့်လည်း အလွန်အရမ်းကြိုက်တယ်။စိတ်သဘောထားသိမ်မွေ့ပြီး အေးအေး လူလူနေတတ်တဲ့ လူတစ်ယောက်ပေါ့။တစ်နေ့တော့ Sung Soo ဆီကို ထူးဆန်းတဲ့ ဖုန်း call တစ်ခုဝင်လာတယ်။ သူ့အကိုရဲ့ တိုက်ခန်းပိုင်ရှင်ပါတဲ့ ။သူ့အကိုကို မတွေ့တာကြာလို့ အခန်းထဲ ဝင်ကြည့်တော့လူလည်း မတွေ့ရဘဲ ပျောက်နေတယ်။ အခန်းထဲမှာ Sung Sooရဲ့ ဖုန်းနံပါတ် တွေ့လို့ လှမ်းခေါ်လိုက်တာတဲ့။ အခန်းမှာမနေတော့ရင်လည်း ပစ္စည်းတွေလာသိမ်းပြီး အခန်းရှင်းပေးပါတဲ့။အဲဒါနဲ့ Sung Soo လည်း လိပ်စာအတိုင်း သူ့အကိုနေတဲ့တိုက်ခန်းကို လိုက်သွားတယ်။ ဇနီးဖြစ်သူက Sung Soo ကို နားမလည်နိုင်တော့ဘူး။အကို တစ်ယောက်ရှိတဲ့အကြောင်း အသိမပေးဘဲ လျှို့ဝှက်ထားခဲ့လို့ မကျေနပ်ဘူး။ ဘာကြောင့် အကိုအကြောင်း မပြောခဲ့သလဲ မေးတော့ Sung Soo ကဘာမှ ပြန်မဖြေဘူး။ သူ့အကိုနဲ့သူကြားမှာ သူ မေ့ထားချင်တဲ့ အတိတ်က အဖြစ်အပျက်တွေ ရှိပုံရတယ်။ Sung Soo ရဲ့အကိုဟာ အထက်တန်းကျောင်းကတည်းက နေအိမ်ကနေထွက်သွားခဲ့ပြီး ကွယ်လွန်သူမိဘတွေကလည်း အမွေတွေအားလုံးကို သားအငယ်ဖြစ်တဲ့ Sung Soo ကိုပဲ ပေးထားခဲ့တယ်။ အကိုရဲ့ အခန်းမှာ ခံစားချက်တွေ၊ မကျေနပ်မှုတွေ ရင်ဖွင့် ထားတဲ့ မှတ်စုစာအုပ်လေးတစ်အုပ် နဲ့အသုံးအဆောင်ပစ္စည်းအချို့ကိုပဲ တွေ့ရတယ်။ ပစ္စည်းတွေကို လေ့လာကြည့်တော့သူ့အကိုဟာ တစ်ယောက်တည်း နေတာမဟုတ်ဘဲ အခန်းမှာအခြားလူတစ်ယောက်ပါ ရှိနေခဲ့တယ်ဆိုတာ တွေ့ရတယ်။ ဒါ့အပြင် အကို့အခန်းကနေ ဘေးခန်းကို ကူးသွားလို့ရအောင်ဖောက်ထားတဲ့ မလွယ်ပေါက်တစ်ခုကို တွေ့ရပြီး ဘေးအခန်းမှာလည်း လူရှိမနေဘူး။ သံသယဝင်စပြုလာတဲ့ Sung Soo ဟာ အခြားအခန်းတွေကိုပါ သွားပြီး စုံစမ်းမေးမြန်းကြည့်တော့ တချို့ကို သူ့အကိုကို သေချာမသိဘူး ဖြေတယ်၊ တချို့ကမပြောချင်သလိုပုံစံနဲ့ နှင်ထုတ်ကြတယ်။ အဲဒီလို တစ်ခန်းဝင်တစ်ခန်းထွက် လိုက်စုံစမ်းရင်း အခန်းတံခါးဘေးနံရံပေါ်မှာ မသိမသာ မှတ်ထားတဲ့ သင်္ကေတလေးတွေကို Sung Soo သတိထားမိတယ်။ တဖြည်းဖြည်း ဆက်စပ်ကြည့်မှ သင်္ကေတလေးတွေဟာ အခန်းထဲမှာ ရှိတဲ့ အိမ်ထောင်စုဝင်ဦးရေ၊ ကျား၊မ အရေအတွက်တွေကို အတိုကောက်မှတ်သားထားတာမှန်းသိလိုက်ရတယ်။ အောက်ထပ် အခန်းတစ်ခန်းက ကလေးအမေတစ်ယောက်ကတော့ သဘောကောင်းပုံရတယ်။Sung Soo တို့ မိသားစုကို အခန်းထဲ ဖိတ်ခေါ်ပြီး မေးသမျှကို ပြန်ဖြေတယ်။ ဒီရပ်ကွက်မှာ နေတဲ့လူတွေက စရိုက်စုံ၊ လူစုံဖြစ်ပြီး ဒုစရိုက်သမားတွေအများကြီးရှိတယ်တဲ့။ လူသေမှု၊ လူပျောက်မှုတွေလည်း ခဏခဏ ဖြစ်တတ်တယ်တဲ့။ တစ်ယောက်အကြောင်း တစ်ယောက်သိပ်လည်း မသိကြဘူးတဲ့။ Sung Soo က သူ့အကိုကို သိလားဆိုပြီး အခန်းနံပါတ်ကို ရွတ်ပြတယ်။ အကိုရဲ့ အခန်းနံပါတ်ကို ကြားရတာနဲ့ ကလေးအမေက တစ္ဆေသရဲနာမည်ကြားလိုက်ရသလို မျက်ပြူးဆန်ပြာနဲ့ အခန်းထဲကနေ နှင်ထုတ်ပါတော့တယ်။ပဟေဠိတွေနဲ့ အိမ်ပြန်လာရတဲ့ Sung Soo တစ်ယောက် သူ့အကိုက ဘာလဲ၊ ဘာတွေ ဖြစ်နေတာလဲ၊ အခုရော ဘာလို့ပျောက်နေတာလဲ မေးခွန်းတွေအတွက် အဖြေရှာမတွေ့ဘူး။အဲဒီပြန်လာတဲ့ ညမှာပဲ သူတို့အိမ်ထဲမှာ လူတစ်ယောက်ဝင်နေတယ်လို့ Sung Soo ရဲ့ မသိစိတ်ကနေ ခံစားမိတယ်။နောက်နေ့မှာလည်း စိတ်မဖြောင့်တဲ့ Sung Soo ဟာ အကို့သတင်းကိုပဲ လိုက်စုံစမ်းမိတယ်။ သဲလွန်စ ထင်ထင်ရှားရှားမရတဲ့အပြင် သူ့နောက်ကို တစုံတယောက်က လိုက်ချောင်းနေတယ်လို့ ခံစားမိတယ်။ အိမ်ရာကို ပြန်ရောက်တော့လည်း ထူးဆန်းတာတွေ တွေ့ရပြန်ရော။ အကိုနေတဲ့ တိုက်ခန်းမှာတွေ့ခဲ့တဲ့ အခန်းဝက သင်္ကေတတွေကို သူတို့နေတဲ့ တိုက်ကအခန်းတွေမှာ မှတ်သားထားတာ တွေ့လိုက်ရတယ်။အကိုနေတဲ့ တိုက်ခန်းတွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ပုစ္ဆာဆန်ဆန်ဖြစ်ရပ်တွေ သူတို့ဆီကို ရောက်လာပြီ။ အခန်းမှာ နေတဲ့မိသားစုဦးရေ၊ ကျား၊ မ အရေအတွက်ကို အမှတ်အသားလုပ်ထားတာဟာ ဘာအတွက်လဲ? သူ့နောက်လိုက်လံပြီး ချောင်းမြောင်းနေတာ ဘယ်သူလဲ? ညဘက်ဆို သူ့စိတ်ထဲမသိုးမသန့်ဖြစ်နေရတာ ဘာကြောင့်လဲ? သူတို့အခန်းထဲကို တကယ်ပဲ လူဝင်နေပြီလား? ကြက်ပျောက်ငှက်ပျောက်ပျောက်ဆုံးသွားတဲ့ သူ့အကိုကရော ဘာဖြစ်သွားတာလဲ?ဟိုရပ်ကွက်က လူတွေ ထိတ်လန့်နေတာ ဘာကြောင့်လဲ? သူ့ဇနီးကိုတောင် လျှို့ဝှက်ထားတဲ့ သူတို့ညီအကိုနှစ်ယောက်ကြားက အတိတ်အဖြစ်အပျက်က ဘာတွေလဲ? နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့တာ ဘာကြောင့်လဲ? သေချာတာတစ်ခုတော့ တနေ့တခြား ကျောချမ်းစဖွယ်ကြုံတွေ့လာရတဲ့ ချောက်ချားစရာ အဖြစ်အပျက်တွေနဲ့ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ရန်သူရဲ့ အန္တရာယ်ကနေသူ့မိသားစုကို Sung Soo အစွမ်းကုန်ကာကွယ်ရမှာပါ။ Credit Review