6.8
514,538
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4 GB

Credit

200

Aquaman (2018)

Action, Adventure, Fantasy

Credits 200

ပင်လယ်ရေအောက်က ပြည်ထောင်စု Atlantis ရဲ့မင်းသမီး Atlanna ဟာမိဘတွေ စီစဉ်တဲ့ အိမ်ထောင်ဘက်ကို သဘောမကျတာကြောင့် လူ့ပြည်ကို ထွက်ပြေးလာခဲ့တယ် ။ အဲ့ဒီမှာ မီးပြတိုက်အစောင့် Thomas Curry နဲ့တွေ့ပြီးချစ်ကျွမ်းဝင်ခဲ့တယ် ။ သူတို့နှစ်ယောက်ဟာ Aquaman ဖြစ်လာမယ့် Arthur Curry ကို မွေးဖွားခဲ့တယ် ။ Arthur မှာ ရေသတ္တဝါတွေနဲ့ စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းရည်ရှိတယ် ။တနေ့မှာတော့ Atlantis စစ်သည်တော်တွေ ရောက်လာပြီး Atlanna ကို အတင်းအကျပ် ပြန်ခေါ်သွားခဲ့တယ် ။ မပြန်ခင်မှာ Atlanna ဟာ သူ့လူယုံတော် Vulko ထံ သားဖြစ်သူ Arthur ကို အပ်နှံခဲ့ပြီး သူ့စွမ်းရည်တွေကို လေ့ကျင့်ပေးဖို့ အကူအညီ တောင်းခဲ့တယ် ။နှစ်ပေါင်းများစွာ ကြာတဲ့အခါ Atlanna ကွယ်လွန်အပြီး သူ့ရဲ့ဒုတိယ သားဖြစ်သူ Orm ဟာ Atlantis ရဲ့ဘုရင်ဖြစ်လာတယ် ။ Orm ဟာ သဘာဝပတ်ဝန်းကျင်ကို မလေးစားတဲ့ ရေထုညစ်ညမ်းမှုရဲ့ အဓိက လက်သည်ဖြစ်တဲ့ လူသားတွေကို လက်စားချေချင်နေတယ် ။ သူဟာ Xebel ပြည်ထောင်ရဲ့ဘုရင် Nereus အပါအဝင် ကျန်တဲ့ ရေအောက်ပြည်ထောင်တွေနဲ့ မဟာမိတ်ဖွဲ့ပြီး လူ့ပြည်ကို စစ်တိုက်ဖို့ ပြင်ဆင်တော့တယ် ။ အဲ့ဒီမှာ Nereus ရဲ့သမီးတော် Mera ဟာ လူ့ပြည်မှာရှိတဲ့ Arthur နဲ့ ပူးပေါင်းပြီးစစ်ကြီးကို တားဆီးဖို့ကြိုးစားရင်း Aquaman ဇာတ်လမ်း ဖြစ်ပေါ်လာပါတယ် ။ Aquaman ဟာ လူဆိုးနဲ့ လူကောင်း အားပြိုင်တဲ့ဇာတ်လမ်း ၊ Arthur နဲ့ Mera ကြားက အချစ်ဇာတ်လမ်းဆိုတာထက်ပိုပါတယ် ။ သဘာဝပတ်ဝန်းကျင်ကို လေးစားဖို့ မတူညီတဲ့ သက်ရှိတွေ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ စတဲ့ message တွေကိုပါ ခပ်ပါးပါးလေး ပေးသွားပါတယ် ။ ဒါ့အပြင် Aquaman ရုပ်ရှင်ဟာ ကမ္ဘာသစ်တခုကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တယ် ။ အဲ့ဒါကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်က Atlantis မြို့ကြီး သမုဒ္ဓရာအောက်ရောက်ရှိသွားပြီး မတူညီတဲ့ မျိုးစိတ်တွေနေထိုင်တဲ့ Atlantis အပါအဝင် ရေအောက်ပြည်ထောင် ၇ ခုပါပဲ ။