7.5
343,839
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.5 GB

Credit

200

Les Misérables (2012)

Drama, Musical, Romance

Credits 200

ဒီဇင်ဘာ 20 Movies Request တုန်းက ဘာသာပြန်ပီးတင်ပေးဖို့ တောင်းဆိုထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Les Misérables လေးကို Blu-ray 1080p Quality နဲ့တင်ပေးလိုက်ပါပီ ဒီဇာတ်လေးကတော့ ဆာလောင်လို့ပေါင်မုန့်လေးခိုးစားမိရာမှနှစ်အကြာကြီး အဖမ်းခံလိုက်ရတဲ့ ဂျန်ဗယ်ဂျင်တစ်ယောက်အာမခံစာရွက်နဲ့လွတ်မြောက်လာခဲ့ပါတယ် အဲဒီအခါ ထောင်ထွက်တစ်ယောက်ဖြစ်တာကြောင့်ဘယ်သူကမှလက်မခံ အလုပ်မပေးချင်ကြပါဘူး သို့သော် ဖာသာတစ်ယောက်ကလက်ခံထားခဲ့ပြီးနေစရာစားစရာပေးခဲ့ပေမဲ့ ငွေထည်တွေကိုခိုးယူခဲ့ပါသေးတယ် ဒါပေမဲ့အပြစ်မမြင်ပဲငွေထည်တွေကိုအရင်းနှီးအဖြစ်အသုံးချစေကာဘ၀ကိုရှေ့ခိုင်းပါတယ် ဂျန်ဗယ်ဂျင် မြို့တော်၀န်တစ်ယောက်အဖြစ်ဟန်ဆောင်ပြီးသူဆင်းရဲတွေကိုကူညီပေးရင်းနဲ့အမျိုးသမီးတစ်ယောက်ကိုကယ်တင်ရင်းသူ့သမီးလေးကိုဆက်ကို၀ိုင်းရှာပေးဖို့ဖြစ်လာပါတော့တယ် သို့သော် စစ်ဆေးမှုးဂျာဗတ်ဆိုသူကဟန်ဆောင်ထားတာသိသွားပြီးလိုက်ဖမ်းပါတော့တယ် ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ကိုဆက်လေးကိုလိုက်ရှာပါတော့တယ် ထိုအမျိုးသမီးသေသွားတဲ့အခါ ဂျန်ဗယ်ဂျင်က ကိုဆက်လေးကိုသံယောဇဥ်ဖြစ်ပြီးမွေးစားလိုက်ပါတော့တယ် ကိုဆက်လေးကရောသူ့မွေးစားအဖေရဲ့နောက်ကြောင်းကိုဘယ်လိုသိလာမလဲ ဂျန်ဗယ်ဂျင်ကရောသူ့ကိုလိုက်ဖမ်းနေတဲ့စစ်ဆေးမှုးဂျာဗတ်ဆီကလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Htet Thiri Aung ဖြစ်ပါတယ်