6.4
16,167
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.1 GB

Credit

500

Manikarnika: The Queen of Jhansi (2019)

Action, Biography, Drama

Credits 500

ဗြိတိသျှဗိုလ်ချုပ်ဟရ်ုရို့စ်ရေးသားထားတဲ့ " ဆရာဟရ်ုရို့စ်နဲ့ အိန္ဒိယဗဟိုတိုက်ပွဲစဉ်" ထဲမှ ဂျန်စီတိုင်းပြည်ရဲ့မိဖုရားခေါင်ကြီးလက်ရှ်မီရဲ့ မျိုးချစ်စိတ်အပေါ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မွေးဇာတာမှာကတည်းက သမိုင်မှာ နာမည်တွင်ကျန်ရစ်မယ့် မွေးဇာတာပါလာပေမဲ့ အသက်ရှည်မလားဆိုတာတော့ ဘုန်းတော်ကြီးတွေ ‌ဟောကိန်းမထုတ်နိုင်ခဲ့ပါဘူး။ ထူးခြားပြီး အိန္ဒိယပြည်သူတွေရဲ့အသည်းမှာ မီးလျှံလို တဟုန်းဟုန်းတောက်လောက်အောင် နှိုးဆွနိုင်စွမ်းရှိလို့ မာနီကာနီကာဟု ‌အမည်ခေါ်တွင်စေခဲ့ပေမယ့် ဂျန်စီတိုင်းပြည်ရဲ့ အစဉ်အလာအရ မိဖုရားကြီးဖြစ်လာတဲ့အခါမှာတော့ မိဖုရားလက်ရှ်မီဟု ခေါ်တွင်စေခဲ့ပါတယ်။ စာအုပ်စာပေတွေကို ချစ်မြတ်နိုးပြီး ဓားရေးမှာပါ ကျွမ်းကျင်တဲ့ မိဖုရားလက်ရှ်မီဟာ ဗြိတိသျှတွေကို ဘယ်လိုမျိုး တုံ့ပြန်မလဲ ဂျန်စီရဲ့ အရှင်မင်းကြီး နတ်ရွာစံသွားတဲ့ အခါမှာ ပြည်သူပြည်သားတွေကို ဘယ်လိုမျိုးစောင့်ရှောက်မလဲဆိုတာကို ရင်တမောမောနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။